Bromelain အင်ဇိုင်းက နာနတ်သီးမှာပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး ကျန်းမာရေး ပြဿနာတွေတော်တော်များများကို ကုသပေးရာမှာအသုံးဝင်ပါတယ်။

အစာခြေစနစ်၊ အဆစ်အမြစ်နာကျင်၊ အလက်ဂျစ် စတာတွေကို ကုသပေးနိုင်တဲ့အပြင် ကင်ဆာရောဂါကိုပါ ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး

Bromelain မှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ အင်ဇိုင်းတစ်ခုဖြစ်ပါတယ်။ Bromelain အင်ဇိုင်းက Cytokines ဓာတ်ကိုထုတ်လုပ်အောင်ကူညီပေးနိုင်ပြီး ဒီဓာတ်က ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို နှောင့်နှေးစေပါတယ်။

အထူးသဖြင့် ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာအတွက် ကောင်းပါတယ်။

အစာခြေစနစ်ကို ထောက်ပံ့ပေး

Bromelain အင်ဇိုင်းက အစာခြေစနစ် ကမောက်ကမဖြစ်မှုကို ကုသပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ကို အစာခြေတဲ့နေရာမှာ ပိုပြီး ကူညီပေးပြီး အာဟာရဓာတ်တွေခန္ဓာကိုယ်က အများကြီးစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

အစာအိမ်ဟောင်း ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပြီး၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတို့ကိုလည်း လျော့ချပေးပါတယ်။

ခွဲစိတ်မှုတွေ၊ ဒဏ်ရာတွေကနေ အမြန်ဆုံး သက်သာအောင်ကူညီပေး

Bromelain အင်ဇိုင်းမှာ ရောင်ရမ်းတာတွေကို လျော့ချပေးနိုင်တဲ့ အစွမ်းတွေရှိတာကြောင့် ခွဲစိတ်မှု၊ ဒဏ်ရာတွေကို အမြန်ဆုံးကျက်စေပါတယ်။ ရောင်ရမ်းတာတွေကိုလည်း လျော့စေပြီး အနာသက်သာစေပါတယ်။

အလက်ဂျစ်နဲ့ ပန်းနာရင်ကြပ်ကိုလည်း တိုက်ခိုက်ပေး

Evidence-Based Complementary and Alternative Medicine ဂျာနယ်မှာ ရေးသားထားတဲ့ သုတေသနတစ်ရပ်အရ Bromelain အင်ဇိုင်းကို ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာ အလက်ဂျစ်နဲ့ ပန်းနာရင်ကြပ်ရောဂါကို ကုသပေးနိုင်တာတွေ့ရှိခဲ့ရပါတယ်။

အဆစ်အမြစ်နာကျင်ရောင်ရမ်းတာကို လျော့ချပေး

Bromelain အင်ဇိုင်းက အဆစ်အမြစ်တွေ နာကျင်တာကို လျော့ကျစေပါတယ်။ Alternative Therapies in Health and Medicine ဂျာနယ်မှာပါဝင်တဲ့ သုသေတနတစ်ခုအရ အဆစ်အမြစ်နာကျင်သူတွေကို Bromelain အင်ဇိုင်း 650-Miligramကို တစ်နေ့ ၂ ကြိမ်ကနေ ၃ ကြိမ် တိုက်ခဲ့ရာ အဆစ်အမြစ်နာတာရှည် နာကျင်သူတွေထဲက ၅၀ ရာခိုင်နှုန်းလောက် သက်သာသွားတာကို တွေ့ရှိခဲ့ရပါတယ်။