အဆီထုတ်ထားတဲ့ နွားနို့တွေကို အခုဆိုရင် စူပါမားကတ်နဲ့ မီနီမားကတ်လေးတွေမှာပါ အလွယ်တကူ ဝယ်ယူရနေပါပြီ။ အဆီထုတ်ထားတဲ့ နွားနို့ဟာ ကိုယ်ခန္ဓာကို အေးမြစေပြီးတော့ ပူအိုက်တဲ့ အချိန်တွေမှာ သောက်ရင် ပိုကောင်းပါတယ်။ အဆီထုတ်နို့တွေမှာ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွကို ပေါများစွာ တွေ့ရပြီး ကျန်းမာရေး အထောက်အကူပြုတဲ့ အချက်တွေ အများကြီးရှိပါတယ်။ ဒီထဲကမှ အရေးပါတဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။

  • ရိုးရိုးနွားနို့နဲ့ မတူတဲ့ အချက်ကတော့ အဆီကို လျှော့ထားတာပါ။ အဆီထုတ်ပြီးသား ဖြစ်လို့ နှလုံးကျန်းမာရေးကို ပိုပြီး အထောက်အကူ ဖြစ်စေပါတယ်။
  • အဆီထုတ်နို့တွေဟာ သွေးလည်ပတ်ကို ထိန်းပေးနိုင်ပြီး ကိုလက်စထရောကိုပါ ထိန်းပေးထားပါတယ်။
  • ကယ်လိုရီ ပါဝင်မှု လျှော့နည်းပြီး အစာအိမ်နဲ့ အူလမ်းကြောင်း အတွင်းပိုင်းမှာ ရှိတဲ့ အဆီတွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ထားပါတယ်။

  • အဆီထုတ်ထားတဲ့ နို့တွေဟာ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် ကူညီပေးပြီး အစာစားချင်စိတ်ကို လျော့နည်းအောင် ပြုလုပ်ပေးပါတယ်။ ဗိုက်ပြည့်လွယ်ပြီး ထမင်း မစားချင်အောင် ထိန်းပေးနိုင်ပါတယ်။
  • အဆီထုတ်နို့ဟာ အစာချေစနစ်ကို ချောမွေ့အောင် ကူညီပေးနိုင်ပါတယ်။
  • အသားအရေအတွက် ကောင်းမွန်ပြီး အသားအရေ ကြည်လင်လာအောင် ထောက်ပံ့ပေးပါတယ်။

  • ရေငတ်ပြေစေပြီး ကိုယ်ထဲက ရေဓာတ်ကို မြန်မြန် ခန်းမသွားအောင် ထိန်းပေးထားပါတယ်။
  • အရိုးကျန်းမာရေးအတွက်ကတော့ ရိုးရိုး နွားနို့လိုပဲ ကူညီနိုင်ပါတယ်။ ကယ်လ်ဆီယမ် ပါဝင်မှု မြင့်မားပြီး အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်။

Credit: zeenews