ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ပန်းပွင့်စိမ်း လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

ယခင် လေ့လာမှုအရလည်း ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်တွေ စားတာကြောင့် ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါးအသစ်တွေ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

အထူးသဖြင့် ပန်းပွင့်စိမ်းမှာပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယခု လေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်ကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် စားသူတွေဟာ မစား သူတွေထက် ခံတွင်း ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ရာခိုင်နှုန်း၊ အစာမျိုးပြန် ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ် ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ရာခိုင်နှုန်း လျှော့ချ နိုင်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။

cabbagejusce

အူမကြီး ကင်ဆာကို ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ဖျော်ရည်တစ်မျိုးဟာလည်း ဂေါ်ဖီထုပ်ဖျော်ရည်ပါ။ ဂေါ်ဖီထုပ်ဖျော်ရည်ဟာ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပြီး သကြားဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

ဖျော်ရည်ပြုလုပ်ဖို့အတွက် အော်ဂန်နစ် ဂေါ်ဖီထုပ် ဖြစ်ဖို့ လိုပါတယ်။ မသေချာရင်တော့ ဆားနဲ့ ရေစိမ်ပြီးမှ အသုံးပြုပါ။ ဂေါ်ဖီထုပ် တစ်စိပ်၊ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းနဲ့ ရေ ပဲ လိုပါတယ်။ဘအရင်ဆုံး ဂေါ်ဖီထုပ်ကို ရေခပ်နွေးနွေးနဲ့ စိမ်ပြီး ရှာလကာရည် အနည်းငယ် လောင်းထည့်ပြီး ဆေးပါ။ ပြီးရင် ဂေါ်ဖီထုပ်ကို ဆယ်ပြီး ပိုင်းဖြတ်ပါ။ ဖျော်စက်ထဲ ထည့်ပြီး ရေနဲ့ ရောဖျော်လိုက်ရင်ပဲ ရပါပြီ။ တစ်နေ့ကို ၂ခွက်သောက်ပေးပါ။ မနက်တစ်ခွက် ညနေတစ်ခွက်ဆို လုံလောက်ပါပြီ။

Source: barenaturaltruth