တချို့က လိမ္မော်ရောင်သန်းတဲ့ အသားအရေကို လိုချင်တာကြောင့် မုန်လာဥနီကို များများစားကြသူတွေရှိပါတယ်။

တကယ်တမ်းရော မုန်လာဥနီက လိမ္မော်ရောင်သန်းတဲ့ အသားအရေကို ဖြစ်စေနိုင်သလားဆိုတာ သိပ္ပံရှုထောင့်ဘက်ကနေ ကြည့်ကြည့်ရအောင်။

မုန်လာဥနီမှာ လိမ္မော်ရောင်လိုမျိုးရှိတဲ့ Beta-Carotene ဓာတ်ပါဝင်ပြီး အဲ့ဒီဓာတ်က တခြား လိမ္မော်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်းပါဝင်ပါတယ်။ ဒါပေမယ့် Beta-Carotene ဓာတ်ပါဝင်မှုကတော့ မုန်လာဥနီမှာ အများဆုံးပါဘဲ။ မုန်လာဥနီကို အစာခြေလိုက်တဲ့အခါမှာ Beta-Carotene ဓာတ်ကနေ ဗီတာမင်အေဓာတ်ကို ပြောင်းလဲပေးပါတယ်။

CarotenemiaBefore_After

ဒါပေမယ့် မုန်လာဥနီ စားတာများရင်တော့ Beta-carotene ဓာတ်တွေအားလုံးကို ဗီတာမင်အေ မပြောင်းပေးနိုင်တော့ပါဘူး။

c65b2b99e85810c7f91a86c31c173d9d

ဒါဆိုရင် ပိုလျှံနေတဲ့ Beta-Cartoene ဓာတ်တွေက သွေးကြောထဲရောက်သွားပြီး အသားရေထဲကို စီးဆင်းသွားပါတယ်။ စီးဆင်းတဲ့ Beta-Carotene ဓာတ်တွေများလာရင် Carotenemia ဓာတ်ကိုပြောင်းသွားပြီး အသားအရေကို လိမ္မော်ရောင်သန်းစေပါတယ်။

Beta-Carotenemia ဓာတ်များတာကို လက်တွေ၊ ခြေထောက်တွေနဲ့ နှာခေါင်းမှာ သိသာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။

istock_000006321032small_wide-bcfeb4246b0b9441846d8849e302f853dd5f22d2-s900-c85