အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက အရိုးကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း သုတေသနရလဒ်တစ်ခုအရသိရပါတယ်။

အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေ ပိုစားလေလေ အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါကို သက်သာစေပြီး အရိုးတွေကို သန်မာစေပါတယ်။

Friedrich-Alexander-Universität Erlangen-Nürnberg (FAU) တက္ကသိုလ်ရဲ့ သုတေသနအဖွဲ့က ကြွက်တွေကို အသုံးပြုပြီး စမ်းသပ်ခဲ့ပါတယ်။ အဆစ်အမြစ်ရောင်တဲ့ရောဂါနဲ့ အရိုးပွနေတဲ့ကြွက်တွေကို အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာကိုကျွေးပြီး စမ်းသပ်ခဲ့ပါတယ်။

အမျှင်ဓာတ်တွေက အရိုးရဲ့ ကျန်းမာရေးကို အထောက်အကူပြုပေးတာကို အံ့သြွဖွယ်တွေ့ရှိရပါတယ်။

အမျှင်ဓာတ်ကို ဖြိုခွဲလိုက်တဲ့အခါမှာ Fatty အက်ဆစ်တွေ ထွက်ရှိလာပြီး အရိုးကို သန်မာစေပါတယ်။

သုတေသနကို ဦးဆောင်လုပ်ဆောင်ခဲ့သူ ဒေါက်တာ Mario Zaiss က အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေမှာ ရောင်ရမ်းမှုကို လျော့ကျစေပြီး အရိုးသိပ်သည်းမှုကို ထောက်ပံ့ပေးတယ်လို့ဆိုပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေက ခန္ဓာကိုယ်ရဲ့ တခြားကျန်းမာရေးအတွက်သာမက အရိုးကိုပါ သိပ်သည်းစေပါတယ်။