ဈေးထဲမှာလည်း ဂဏန်းလေးတွေ အတွေ့များနေတော့ ဒီတစ်ပတ်ကို ဂဏန်းမာဆလာချက်စားရအောင်။

ဂဏန်း ၆ ကောင်

ကြက်သွန်နီ အနေတော် ၅ လုံး (ထောင်းထားပါ)

ငရုတ်သီး စိမ်း အနည်းငယ်

ပျဉ်တော်သိမ် အနည်းငယ်

ကြက်ဥ အကာ ၂ လုံး

မဆလာ စားပွဲတင်ဇွန်း ၂ ဇွန်း

ဆား အနည်းငယ်

ယိုးဒယား ငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း

ဆီ ၅ ကျပ်သား

ဆနွင်း အနည်းငယ်

အရောင်တင်မှုန့် အနည်းငယ်

ပြုလုပ်နည်း

ဂဏန်းများ အခွံခွာလို့ရသလောက်ခွာပြီး လက်မတွေကို ထုထားပါ။

ဆီ ၅ ကျပ်သားကို ဒယ်အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင်လုပ်ပါ။

ဆနွင်း နဲ့ ပျဉ်တော်သိမ် အနည်းငယ်တို့ကို ဆီသပ်ပြီး ထည့်ပါ။

ကြက်သွန်နီ၊ အရောင်တင်မှုန့်တို့ကို ထည့်ပါ။ သေချာမွှေပြီး ကြက်သွန်လိပ်ပြီး အနံ့မွှေးလာရင် ဂဏန်းကိုထည့်ပါ။ ဟင်းခတ်မှုနဲ့  ယိုးဒယား ငံပြာရည် အနည်းငယ်ထည့်ပါ။

ရေကျက်အေးလည်းအနည်းငယ် ထည့်ပြီး အုပ်ထားပါ။

ဂဏန်းအရောင် ပြောင်းပြီး အနံ့လည်းမွှေးလာပြီဆိုရင် ကြက်ဥ အကာခလောက်ထားတာကို ထည့်လိုက်ပါ။ ရေအနည်းငယ်ထည့်ပြီး ထပ်အုပ်ထားပါ။ ၃ မိနစ်လောက် အုပ်ထားပါ။

ဂဏန်းဟင်းကို မီးဖိုပေါ်ကနေ ချပြီး ဆနွင်းအနည်းငယ်နဲ့ ငရုတ်သီးစိမ်းထည့်ပြီး စားသုံးလို့ရပါပြီ။