ကလေးစာပေတွေကို ရေးသားတဲ့ Ann Cameron ဆိုတဲ့ စာရေးဆရာမဟာ ၂၀၁၃ ဂျူလိုင် ၃၀ ရက်နေ့မှာ အဆုတ်မှာ ကင်ဆာဖြစ်နေကြောင်း စပြီး သိခဲ့ရပါတယ်။ ၂၀၁၃ သြဂုတ်လ ၁ရက်နေ့မှာတော့ ကင်ဆာကို တိုက်ဖို့ အတွက် သူမဟာ စပြီး လုပ်ဆောင်ခဲ့ပါတယ်။
ကင်မရွန်းရဲ့ တိုက်ခိုက်မယ့် နည်းကတော့ အစားအစာ တစ်ခုနဲ့ပါ။ ဓာတ်ကင်ကုသခြင်း မလိုဘဲ အခြား ကုသမှုတွေ မလိုဘဲ ကင်ဆာဆဲလ်တွေ နည်းပါးသွားအောင် မုန်လာဥနီက ကူညီပေးမယ်လို့ သူမ ယုံကြခဲ့ပါတယ်။ ယုံကြည်တဲ့ အတိုင်းလည်း စပြီးတော့ လုပ်ဆောင်ခဲ့ပါတယ်။ ထိရောက်မှု နှုန်းမြန်ပြီး လွယ်ကူတဲ့ အတွက် ကြာခဲ့ပေမယ့် ပြန်လည်ပြီး မျှဝေလိုက်ပါတယ်။ သူမကတော့ အခုထိ သက်ရှိထင်ရှား ရှိနေဆဲပါ။
Ann Cameron ရဲ့ အမျိုးသားဟာ ၂၀၀၅ ခုနှစ်မှာပဲ အဆုတ်ကင်ဆာနဲ့ ဓာတ်ကင်ကုသရင်း ဆုံးပါးခဲ့တဲ့ အတွက် သူမဟာ ကုသဖို့ အတွက် စိတ်ရှုပ်ထွေးခဲ့ရပါတယ်။ သူမဟာ ၂၀၁၂ ခုနှစ်မှာ အူမကြီးကင်ဆာ အတွက် ခွဲစိပ်ကုသမှု ခံခဲ့ပြီး ဓာတ်ရောင်ခြည် ကုထုံးတွေနဲ့ ကုသမှု ခံခဲ့ရဖူးပါတယ်။ နေကောင်းစပြုလာပြီး ၆လ အကြာမှာတော့ အဆုတ်ကို ကင်ဆာဆဲလ်တွေ ပျံ့နှံ့နေကြောင်း သိရပြီး အူမကြီး ကင်ဆာဟာလည်း အဆင့် ၄ကို ရောက်နေပြီ ဖြစ်ကြောင်း သိခဲ့ရတယ်လို့ Ann က ပြောပါတယ်။
နိုဝင်ဘာ ၁၇ရက်နေ့မှာတော့ စပြီး မုန်လာဥနီကို ဖျော်ရည်အဖြစ် သောက်ခဲ့ပါတယ်။
သူမဟာ တစ်နေ့မှာ မုန်လာဥနီ ၅ပေါင် (2.5 kg) ကို ဖျော်သောက်ခဲ့ပြီး ၂ပတ်ကြာသည်အထိ တိုးတက်မှု မရှိခဲ့ပါဘူး။ ၈ပတ် ကြာတဲ့အခါ အကြိတ်တွေ ကြီးထွားမှုဟာ ရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ၆လ ကြာတဲ့ အခါမှာ ကင်ဆာဆဲလ်တွေ မရှိတော့ပါဘူး။ မုန်လာဥနီကို ဒီအတိုင်း ကြိတ်ပြီး ဖျော်သောက်ခဲ့ခြင်းဟာ ၆လပြည့်တဲ့ အခါ ကင်ဆာဆဲလ်တွေ မရှိတော့တဲ့ အထိ အစွမ်းပြခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ဓာတ်ကင်ခြင်းထက် ဆိုးကျိုးနည်းပြီး ထိရောက်မှု မြန်တဲ့ အတွက် ကင်ဆာရောဂါသည် အများစုဟာ လိုက်နာကျင့်သုံးခဲ့ကြတယ်လို့ ပြောပါတယ်။
ကင်ဆာဆဲလ်တွေကို ကာကွယ်ဖို့ အတွက်လည်း ဒီနည်းဟာ အသုံးဝင်ကြောင်း Ann က ပြောပါတယ်။ ဒါကြောင့် ကင်ဆာ ဖြစ်စေခြင်းကို ကာကွယ်ဖို့ အတွက် နေ့တိုင်း မုန်လာဥနီ ဖျော်ရည်ကို သောက်ကြဖို့ သူက တိုက်တွန်းထားပါတယ်။
Source: tophealthypage