အစေ့အဆံ တစ်မျိုးဖြစ်တဲ့ သီဟိုဠ်စေ့ဟာ ကျန်းမာရေး ကောင်းကျိုးများတဲ့ အစားအစာအဖြစ် အသိအမှတ်ပြုထားကြပါတယ်။ ပရိုတင်း၊ ဗီတာမင်များ၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်မှုများပြားပြီး လူသိနည်းတဲ့ ကျန်းမာရေးအကျိုး ကျေးဇူးတွေ ရှိနေပါတယ်။

Healthy Eating အနေနဲ့ စဉ်းစားတော့မယ်ဆိုရင် သီဟိုဠ်စေ့ကို မေ့မထားသင့်တဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။

နှလုံးကျန်းမာရေးကို ကောင်းမွန်

အစေ့အဆံတွေဟာ နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သီဟိုဠ်စေ့ဟာလည်း တစ်ခု အပါအဝင်ပါပဲ။ ကိုလက်စထရော ကင်းစင်ပြီး အမျှင်ဓာတ် နဲ့ ပရိုတင်းတွေ ဓာတ်တွေဟာ နှလုံးအတွင်းပိုင်း သွေးကြောနံရံတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

အရိုး ကျန်းမာရေးကို ကောင်းမွန်

ကယ်လ်ဆီယမ်၊ မက်ကနီဆီယမ်နဲ့ ပိုတက်ဆီယမ်တွေဟာ အရိုးတွေကို အကာကွယ် ပေးပါတယ်။ ဗီတာမင် ကေ လို့ ဓာတ်ပေါင်းတွေ ပါဝင်တဲ့ အတွက် အရိုးအဆစ်တွေကို ကောင်းမွန်စေနိုင်ပါတယ်။

မျက်လုံးကျန်းမာရေးကို ကောင်းမွန်

သီဟိုဠ်စေ့မှာ မြင့်မားတဲ့ လူတိန်းနဲ့ အင်တီအောက်ဆီးဒင့်တွေဟာ အမြင်အာရုံ ချွတ်ယွင်းမှုတွေကို ကာကွယ်ပေးနိုင်ပြီး မျက်လုံးတွင်း တိမ်ဖြစ်ခြင်းကိုလည်း ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။

သွေးနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို ကာကွယ်ပေး

သီဟိုဠ်စေ့မှာ ပါတဲ့ ဓာတ်ပေါင်းစုတွေဟာ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သံဓာတ်နဲ့ကော့ပါး ပါဝင်မှု ရှိတာကြောင့် သွေးအားနည်း ရောဂါ မဖြစ်ပွားစေပါဘူး။

ကိုယ်အလေးချိန်ကို ကျဆင်းနိုင်

Cashew Nuts

လေ့လာတွေ့ရှိချက်တွေ အရ တိရစ္ဆာန် အဆီတွေနေရာမှာ သီဟိုဠ်စေ့ကရတဲ့ အဆီဓာတ်ကို အစားထိုး စားရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ သွေးထဲမှာရှတဲ့ အဆီဓာတ်နဲ့ ကိုလက်စထရောကို လျှော့ချပေးနိုင်တဲ့ အတွက် ဝိတ်ကျချင်သူတွေ စားနိုင်ပါတယ်။

Credit: zeenews
Photocredit: topfoodfacts.com