MyFood Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်များ အားလုံးပဲ မင်္ဂလာပါရှင်။ တစ်ယောက်စီတိုင်းမှာ မတူညီတဲ့ သူ့အကြိုက် ကိုယ့်အကြိုက်ဆိုတာ ရှိကြမှာပါ။ အစားအသောက်စားရင်လည်း ဟိုဟာမကြိုက်ဘူး၊ ဒီဟာစားချင်တယ်ဆိုပြီး တစ်ယောက်တစ်မျိုး ပြောကြသလိုပဲ သစ်သီးတွေမှာဆိုရင်လည်း အကုန်စားတယ်ဆိုသူက တစ်ရာမှာ တစ်ယောက်လောက်သာရှိပါတယ်။

အခုတစ်ခါဖော်ပြပေးသွားမှာကတော့ နီရဲရဲအဆင်းရှိတဲ့ တလဲသီးရဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ တလဲသီးဟာဆိုရင် အရသာအလွန်ရှိရုံသာမက ကျန်းမာရေးအတွက်လည်း အထူးကိုကောင်းမွန်တဲ့ သစ်သီးတစ်မျိုးပါ။ အမျိုးမျိုးသော ဖျားနာခြင်းတွေကို ကာကွယ်တိုက်ဖျက်ပေးနိုင်ပြီး စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

Source: aerikes-epoxes.com

ဒါကြောင့် တလဲသီးကို သင့်ရဲ့တစ်နေ့တာမှာ ထည့်သွင်းစားသောက်ပေးသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

၁။ အာဟာရဓာတ်မျိုးစုံ ပေးစွမ်းနိုင်ခြင်း

တလဲသီးစေ့အပြည့်ပါဝင်တဲ့ တစ်ခွက်ကိုစားသုံးပေးခြင်းဟာ ဗီတာမင်စီ ၃၀ ရာခိုင်နှုန်း၊ ဗီတာမင်ကေ ၃၆ ရာခိုင်နှုန်း၊ ဗီတာမင်ဘီနိုင်း ၁၆ ရာခိုင်နှုန်းနှင့် ပိုတက်စီယမ် ၁၂ ရာခိုင်နှုန်းသုံးစွဲမှုနှင့် ညီမျှနေပါတယ်။

Source: abali.ru

၂။ သွေးပေါင်ကျစေခြင်း

တလဲသီးဖျော်ရည်ကို မှန်မှန်သောက်သုံးပေးခြင်းဟာ သွေးလွတ်ကြော သွေးပေါင်ချိန်ကို ၂ ပတ်အတွင်းမှာပဲ လျော့ကျစေနိုင်ပါတယ်။

၃။ အဆစ်ရောင်နာရောဂါ တိုက်ဖျက်နိုင်ခြင်း

တလဲသီးကို နေ့စဉ်မှန်မှန်သုံးစွဲပေးခြင်းဖြင့် အရိုးအဆစ်တွေကို ဒဏ်ဖြစ်စေမယ့် အန်ဇိုင်းတွေ ခန္ဓာကိုယ်တွင်းမှာ စုဝေးလာခြင်းမှ ကာကွယ်တားဆီးနိုင်မှာပါ။

Source: strongertogether.coop

၄။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း

ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေပြီး သွေးလည်ပတ်မှုအားကောင်းစေရန်အတွက် တလဲသီးကို စားသုံးပေးပါ။

၅။ မှတ်ဉာဏ်ဖွံ့ဖြိုးတိုးတက်စေခြင်း

အသက်အရွယ်ရလာသူတွေ အများစု ကြုံတွေ့ရတတ်တဲ့ အယ်လ်ဇိုင်းမားရောဂါဝေဒနာ ခံစားရခြင်းမရှိစေရေးအတွက် ကူညီပေးနိုင်ပါတယ်။

Featured Image Source: My New Roots