လိုအပ်တဲ့ ပစ္စည်းကတော့

  • ကြက်ခြေထောက်
  • ငရုပ်သီး
  • သံပရာသီး
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ရှမ်းနံနံပင်
  • စပါးလင်
  • ဂျင်း
  • ကြက်သွန်မြိတ်
  • ခရမ်းချဉ်သီးပါပဲ

ပြုလုပ်နည်း

ပထမအဆင့်အနေနဲ့ ကြက်ခြေထောက်ကို ရေအေးလေးနဲ့ပွတ်လာအောင် ပြုတ်လိုက်ပါ။ ပွတ်လာပါက ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။ အကယ်၍ ကြက်ခြေထောက်ကို မပြုတ်ဘဲ တန်းချက်မယ်ဆိုပါက အရောင်မလှသလို၊ ကြက်ခြေထောက် အရည် က ချွဲချွဲကြီးဖြစ်နေပါမယ်။

ကြက်ခြေထောက်ကို သန့်နေအောင် ဆေးပြီး ပြုတ်မယ့် အိုးထဲပြန်ထည့်လိုက်ပါ။

ဒုတိယ အနေနဖြင့်

ငရုပ်သီး နဲ့ကြက်သွန်ဖြူကို ထောင်းလိုက်ပါ။  ဂျင်းကိုလည်း ထောင်းလိုက်ပါ။ ကြက်သွန်နီ ကို လေးစိတ်စိတ်လိုက်ပါ။ ခရမ်းချဉ်သီးကိုလည်း လှီးထားပါ။ စပါးလင်းကို ပါးပါးလှီးပါ။

အဲ့ဒါတွေအားလုံးကို ကြက်ခြေထောက် ချက်မယ့် အိုးထဲ ထည့်လိုက်ပါ။ ရေ အသင့်သင့်ထည့်လိုက်ပါ။

မီးကို အရမ်းပြင်းပြင်းနဲ့ မတည်ပါနဲ့။

ပွတ်လာတဲ့အထိ အိုးမဖွင့်ပါနဲ့။  မပွတ်ခင် အိုးကို သွားမွှေပါက အခန့်မသင့်ရင် ညှီနံရပါမယ်။

ကြက်ခြေထောက် နူးလာရင် သံပရာသီး ညှစ်ထည့်လိုက်ပါ။ နောက် ရှမ်းနံနံ နဲ့ ကြက်သွန်မြိတ်ကို ညှပ်ပြီးထည့်လိုက်ပါ။

ကြက်ခြေထောက် အိုးကို ချကာ အပေါ်အောက်မွှေပြီး ခပ်လို့ရပါပြီ။ ဒီလို မိုးအေးတဲ့ ရာသီအတွက် ကြက်ခြေထောက် ချဉ်စပ်လေးက အရသာ အရှိဆုံးပါပဲ။

ကြက်ခြေထောက်စွတ်ပြု ချဉ်စပ်လေး ချက်စားရအောင်။