ကြက်ဥကို  Half Fried တို့လို၊ ရိုးရိုးအတိုင်းမကြော်ဘဲ ခရမ်းချဉ်သီးနဲ့ ကြော်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

ခရမ်းချဉ်သီး တစ်လုံး

ကြက်ဥ ၄ လုံး

ဆား အနည်းငယ်

ငရုတ်ကောင်း အနည်းငယ်

နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ဆား

ဆီ အနည်းငယ်

ကြက်သွန်မြိတ် တစ်ချောင်း

ပြုလုပ်နည်း

ခရမ်းချဉ်သီးကို လှီးလိုက်ပါ။ ကြက်ဥတွေကို ခွက်ထဲထည့်ထားပြီး ဆား၊ ငရုတ်ကောင်း၊ နှမ်းဆီ တို့ကို ရောထည့်လိုက်ပါ

ပြီးရင် ခလောက်လိုက်ပါ။ Pan ဒယ်အိုးထဲ ဆီထည့်လိုက်ပြီး ခုနက ခလောက်ထားတဲ့ ကြက်ဥကို ကြော်လိုက်ပါ။

ဒယ်အိုးထဲမှာ ဆီ နည်းနည်း ထည့်ပြီ ခရမ်းချဉ်သီးကို ဆားအနည်းငယ်ထည့်ပြီး ကြော်လိုက်ပါ။ ခရမ်းချဉ်သီးတွေ ပျော့သွားတဲ့အထိ ထားလိုက်ပါ။

ကြက်ဥကို ဒယ်အိုးထဲထည့်လိုက်ပြီး ကြက်သွန်မြိတ်ပါ ထည့်ကြော်လိုက်ပါ။ အပေါ့အငန်မြည်းပြီး ဆားထည့်ဖို့လိုရင် ထည့်ပါ။

ဒါဆိုရင် ကြက်ဥနဲ့ ခရမ်းချဉ်သီး ကြော်ထားတဲ့ဟင်းလျာလေးကို ထမင်းဖြူလေးနဲ့ စားသုံးလို့ရပါပြီ။

Photos Credit: The Work of Life