သစ်ကြမ်းပိုးခေါက်ရဲ့သဘာဝ အရသာက ချိုတဲ့အရသာ ရှိပါတယ်။ ဒါ့ကြောင့် ချိုတဲ့ဟင်းလျာတွေကို ချက်ပြုတ်တဲ့နေရာမှာ သကြားကို လျော့ထည့်ပြီး သစ်ကြမ်းပိုးခေါက်ကို အသုံးပြုလို့ရပါတယ်။
သကြားဓာတ်ကသွေးကြောထဲကို ရောက်သွားတဲ့အခါမှာ ကိုယ်အလေးချိန်မြင့်တက်လာမှုနဲ့ အစားစာချင်စိတ်များမှုတွေဖြစ်နိုင်ပါတယ်။ သစ်ကြမ်းပိုးခေါက်က ဒီအရာတွေကို ကာကွယ်ပေးပါတယ်။
အဲ့ဒီအပြင် သစ်ကြမ်းပိုးခေါက်က ကယ်လိုရီပါဝင်မှုနည်းပြီး ဟင်းလျာတွေကို ကျန်းမာရေးနဲ့ညီညွတ်စေပြီး အရသာလည်း ရှိစေပါတယ်။
ကော်ဖီ၊မုန့်ဖုတ်ရာတွေမှာ ထည့်သွင်းနိုင်ရုံသာမက၊ ဒိန်ချဉ်၊ အုတ်ဂျုံစတာတွေကို ချက်ပြုတ်ရာမှာ သကြားအစား သစ်ကြမ်းပိုးခေါက်ကို သုံးရင် ပိုကောင်းပါတယ်။
သကြားက ခန္ဓာကိုယ်ကို ရောင်ရမ်းစေပြီး၊ ကယ်လိုရီများများပါဝင်တဲ့အပြင် ကိုယ်အလေးချိန်တက်စေကာ၊ အားအင်တွေကို အလဟဿ ဖြစ်စေပါတယ်။ အဲ့ဒီအပြင် ဆီးချိုကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် သစ်ကြမ်းပိုးခေါက်က အနံ့တော့ နည်းနည်းပြင်းပေမယ့် သကြားအစားထိုးပြီး ချက်ပြုတ်လို့ရပါတယ်။