အသုံးများတဲ့ ဟင်းခတ်အမွှေး အကြိုင်ဖြစ်တဲ့ သစ်ကြမ်းပိုးခေါက် (Cinnamon )ဟာ အမျိုးအစား (၂) ဆီးချို သွေးချိုရောဂါရှင်တွေရဲ့ သွေးအချိုဓာတ်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုမှာ Type II ဆီးချိုသွေးချိုရောဂါရှင် ၅၄၃ဦးကို လေ့လာစမ်းသပ်မှု (၁၁) ကြိမ် ပြုလုပ်ပြီးရလာတဲ့ အချက်အလက်တွေကို အခြေခံထားတာဖြစ်ပါတယ်။
သစ်ကြမ်းပိုးခေါက် (၁၂၀) မီလီ ဂရမ်ကနေ (၆) ဂရမ်အထိ အသီးသီးပါဝင်တဲ့ ဆေးဝါးတွေကို လေးပတ်ကနေ ရှစ်ပတ်အထိ တိုက်ကျွေးခဲ့ပြီး ဆေးမတိုက်ကျွေးတဲ့ အုပ်စုနဲ့ နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ တွေ့ရှိလာရတာကတော့ သစ်ကြမ်းပိုးခေါက်ပါဝင်တဲ့ဆေးဝါးတွေကို တိုက်ကျွေးထားတဲ့ အုပ်စုက ဆီးချိုဝေဒနာရှင်တွေမှာ ကျန်တဲ့အုပ်စုထက်စာရင် အစာမစားမီသွေးတွင်း ဂလူးကို့စ် ပမာဏကို ပိုမိုကျဆင်းတယ်ဆိုတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင်သစ်ကြမ်းပိုး ခေါက်မှာသွေးတွင်းကိုလက်စတီရော LDL ကိုလည်း လျော့ပါးစေပြီး အကျိုးပြု ကိုလက်စတီရော HDL ကိုတော့ မြင့်တက်စေခဲ့တာကိုတွေ့ ရှိခဲ့ကြပါသေးတယ်။ ဒီလိုအာနိသင် တွေရှိနေတာဟာ အမျိုးအစား ၂ ဆီးချိုသွေးချိုဝေဒနာရှင်တွေအ တွက် သတင်းကောင်းပဲဖြစ်တယ်လို့ လေ့လာမှုခေါင်းဆောင် Westerm University of Health Sciences in Pamona မှ ဆေးဝါးဗေဒပါမောက္ခ Dr Olivia Phung က ပြောကြားခဲ့ပါ တယ်။
ဒီအာနိသင်တွေဟာ သစ်ကြမ်း ပိုးခေါက်မှာပါဝင်တဲ့ Cinnamalde Hydein ဆိုတဲ့ ဓာတ်ပေါင်းက အင်ဆူလင်ဟော်မုန်းထွက်ရှိမှုကို လှုံပေး နိုင်လို့ပဲ ဖြစ်တယ်လို့ သုတေသီတွေ ကပြောကြားထားပါတယ်။
Ref: PTI
Health Updates
Featured Image Source: express.co.uk