သစ်ကြမ်းပိုးခေါက်က ကလူးကို့စ်နဲ့ ကိုလက်စထရောဓာတ်တွေကျစေမယ့် အထိအရောက်ဆုံး ကူညီပေးနိုင်ပါတယ်။

သွေးထဲမှာ သကြားဓာတ်သို့ ကလူးကို့စ်များရင် ဆီးချိုရောဂါဖြစ်စေနိုင်ပြီး ကိုလက်စထရောဓာတ်ပါဝင်မှုများရင်တော့ နှလုံးရောဂါကိုဖြစ်နိုင်ပါတယ်။

သဘာ၀ ဆေးနည်းဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးကင်းစွာနဲ့လည်း သောက်သုံးနိုင်ပါတယ်။

သစ်ကြမ်းပိုးခေါက်က သွေးအတွင်းအချိုဓာတ် (ကလူးကို့စ်)ကို ဘယ်လို လျော့ချပေးနိုင်တာလဲ

သစ်ကြမ်းပိုးခေါက်က ကျန်းမာရေး အာနိသင်တွေအများကြီးရှိတာကြောင့် နိုင်ငံတော်တော်များများရဲ့ ဟင်းလျာတွေမှာထည့်သွင်းချက်ပြုတ်ကြပါတယ်။

သစ်ကြမ်းပိုးခေါက်ရဲ့ အစွမ်းကို သိရှိနိုင်ရန် Type 2 ဆီးချို ရှိတဲ့ လူပေါင်း ၇၀ နဲ့စမ်းသပ်မှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ တစ်နေ့ကို သူတို့ စားသောက်တဲ့ အစားအစာတွေထဲကို သစ်ကြမ်းပိုးခေါက် ၆ ဂရမ်လောက် ရက် ၄၀ ကြာ ထည့်စားခိုင်းတဲ့သူတွေမှာ ကလူးကို့စ်အဆင့် ၂၉ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။

ကိုလက်စထရော အဆင့်ကိုရော ဘယ်လို ကျဆင်းစေနိုင်သလဲ

သစ်ကြမ်းပိုးခေါက်က မကောင်းတဲ့ ကိုလက်စထရောကိုတိုက်ခိုက်ရာမှာ အစွမ်းထက်လှပါတယ်။

မကောင်းတဲ့ ကိုလက်စထရောဓာတ်မြင့်မားတဲ့သူတွေကို သစ်ကြမ်းပိုးခေါက် ၆ ဂရမ်ပါဝင်တဲ့ အစားအစာကို ရက်ပေါင်း ၄၀ ကျော်ကျွေးပြီးနောက်မှာ ၇ ကနေ ၂၇ ရာခိုင်နှုန်းလောက်အထိ ကိုလက်စထရောအဆင့်တွေ ကျဆင်းသွားပါတယ်။

သစ်ကြမ်းပိုးခေါက်ကိုဘယ်လို စားမလဲ

သစ်ကြမ်းပိုးခေါက်ကို ဟင်းလျာတွေထဲ၊ ကိတ်မုန့်၊ ဖျော်ရည်၊ စတာတွေထဲမှာထည့်သွင်းစားသုံးနိုင်သလို ရေနွေးကြမ်းအဖြစ်လည်း သောက်သုံးနိုင်ပါတယ်။

သစ်ကြမ်းပိုးခေါက် ရေနွေးကြမ်းလုပ်မယ်ဆိုရင်

ရေနွေးတစ်ခွက်ထဲကို သစ်ကြမ်းပိုးခေါက် အချာင်းလေးတွေသို့မဟုတ် သစ်ကြမ်းပိုးခေါက် မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကိုထည့်ပါ။ မိနစ်အနည်းငယ်လောက်ထားလိုက်ပါ။ ချိုချင်ရင်တော့ ပျားရည်ထည့်သောက်လို့ရပါတယ်။