ဟိုးအရင်ခေတ်တုန်းကလို ဟင်းပွဲပြင်ဆင်ဖို့ဆိုရင် မီးသွေးနဲ့မီးမွှေးနေရတဲ့ ခေတ်က ကျန်ခဲ့ပါပြီ။ ခေတ်မှီတဲ့လူနေမှုဘဝမှာ ခေတ်မှီတဲ့မီးဖိုချောင်အသုံးအဆောင်ပစ္စည်းတွေက ချက်ပြုတ်ရတာ လွယ်ကူလျင်မြန်ပြီး အချိန်ကုန်သက်သာအောင် ကူညီပေးပါတယ်။ မိမိ မိသားစုကိုလည်း အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဟင်းလျာတွေကို ပြင်ဆင်ချက်ပြုတ်နိုင်ဖို့ ကူညီပေးတယ်ဆိုလည်း မမှားပါဘူး။

ကိုယ့်မီးဖိုချောင်လေးကို ခေတ်မှီတဲ့အသုံးအဆောင်လေးတွေနဲ့ ပြည့်နေဖို့ တစ်ချိန်တည်းမှာပဲ အကုန်လုံးကို စုဝယ်ရမယ်လို့ မဆိုလိုပါဘူး။ ခေတ်မှီတဲ့မီးဖိုချောင်အသုံးအဆောင်လေးတွေကို ဝယ်စုတတ်ခြင်းဟာလည်း အနုပညာတစ်ရပ်ပါပဲ။ စာဖတ်သူတို့ရဲ့ မီးဖိုချောင်ကို အလှဆင်နိုင်မယ့် ခေတ်မှီ မီးဖိုချောင်သုံးပစ္စည်း ၅ မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Beni Press Fry Pan

Beni Press Fry Pan လေးဟာဆိုရင် အိုးမကပ်အောင်၊ ခြစ်ရာတွေ မရှိအောင်၊ တာရှည်ခံအောင်၊ စွမ်းဆောင်ရည်မြင့်မားစွာ အသုံးပြုဖို့ ထုတ်လုပ်ထားပါတယ်။ အကယ်၍ သင်က ကြက်ဥကြော်တယ်ပဲဆိုပါစို့၊ ကြော်နေတုန်းမှာ ကြက်ဥအကာတွေ ဒယ်အိုးထဲမှာ မကပ်ချင်ဘူးဆိုရင်တော့ ဒီပစ္စည်းလေးက သင့်အတွက် အသင့်တော်ဆုံးပါပဲ။ ဒါ့အပြင် ချက်ပြုတ်ကြော်လှော်ပြီးတဲ့နောက်မှာ ဆေးကြောသန့်စင်ရတာလည်း လွယ်ကူတဲ့အတွက်ကြောင့် အိမ်ရှင်မတွေရဲ့ လက်ဆွဲဖြစ်နေတာပေါ့။ နောက်ထပ်မိတ်ဆက်ပေးမယ့် ပစ္စည်းလေးကရော ဘယ်လိုပစ္စည်းများ ဖြစ်မလဲဆိုတာ အတူတူဆက်ဖတ်ကြည့်ရအောင်နော်။

အသားငါး ချက်ပြုတ်ဖို့အတွက် အဖုံးပါတဲ့ Casserole အိုး

ဒီအိုးလေးအသုံးပြုပြီးတော့ မည်သည့်မီးဖိုအမျိုးအစားပေါ်မှာမဆို ဟင်းလျာပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း ကျန်းမာရေးအတွက်သင့်လျော်အောင် ထုတ်လုပ်ထားပြီး ဆေးကြောသန့်စင်ရာမှာလည်း လွယ်ကူတဲ့အပြင် အကြမ်းခံတဲ့ပစ္စည်းလေးဖြစ်ပါတယ်။ အိုးရဲ့ဒီဇိုင်းလေးကလည်း လှပတဲ့အတွက် ဟင်းလျာချက်ပြုတ်ပြီးလို့ ဟင်းပွဲပြင်တဲ့အခါ ခွက်အပိုအပေခံနေစရာမလိုတော့ဘဲ အိုးလိုက်တည်ခင်းဧည့်ခံ သုံးဆောင်နိုင်တာကတော့ သူ့ရဲ့အားသာချက်ပါပဲ။

လက်ကိုင်ပါတဲ့ Induction Sauce Pot

Induction Sauce Pot မှာ လက်ကိုင်က နှစ်ခုပါတဲ့အတွက်ကြောင့် ချက်ပြုတ်ပြီးတဲ့အခါ မီးဖိုပေါ်က ချဖို့ လက်ကိုင်နှစ်ဖက်ကို အလေးချိန်မျှအောင် ကိုင်လို့ရပါတယ်။ ချက်ပြုတ်ပြီးလို့ အိုးအဖုံးကို သေချာအုပ်ထားမယ်ဆိုရင် ဟင်းလျာတွေအေးစက်မသွားအောင် ကူညီပေးပါတယ်။ ဟင်းလျာချက်ပြုတ်တဲ့အခါမှာလည်း အိုးမကပ်တော့ အိမ်ရှင်မတွေလည်း စိတ်မညစ်ရတော့ဘူးပေါ့။ တာရှည်လည်းခံတဲ့အပြင် ဈေးနှုန်းကလည်း သင့်တင့်တာကြောင့် မီးဖိုချောင်မှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ အိုးလေးပါပဲ။

Halogen Oven

Halogen Oven အိုးလေးနဲ့ပြင်ဆင်ချက်ပြုတ်မယ်ဆိုရင် အချိန်သတ်မှတ်ချက်ကိုတော့ မိနစ် ၆၀ ခန့် သတ်မှတ်ပေးထားမယ်ဆို အပူချိန်ကိုသူ့အလိုလိုထိန်းညှိပေးထားပြီး မိမိက တခြားဟင်းလျာတွေကို ပြင်ဆင်ချက်ပြုတ်နိုင်တာကြောင့် အချိန်ကုန်သက်သာဖို့ ကူညီပေးပါတယ်။ ဒီပစ္စည်းလေးက ဟင်းလျာတွေကို ဆီပူပူထဲမှာ နှစ်ပြီးကြော်လှော်လို့လည်းရတယ်၊ ဟင်းလျာများကို ဖုတ်တဲ့အခါမှာလည်း အသုံးပြုနိုင်သလို အသားငါးတွေကို မီးသွေးအသုံးပြုပြီး ကင်လို့လည်းရသလို လျှပ်စစ်မီးအသုံးပြုပြီးလည်း ကင်လို့ရတဲ့အတွက်ကြောင့် တစ်ခုဝယ်ထားမယ်ဆို ဘက်စုံသုံးလို့ရနိုင်တာပေါ့။

Air Fryer

Air Fryer က ဆေးကြောသန့်စင်ရာမှာ လွယ်ကူတဲ့အပြင် သူ့နဲ့ပြင်ဆင်ချက်ပြုတ်မယ်ဆို ဆီအသုံးပြုစရာမလိုတာကြောင့် အကုန်အကျသက်သာသလို ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ အဆီပိုတွေ မတက်ဘဲနဲ့ ကြော်လှော်ချက်ပြုတ်ဖို့အတွက်ဆိုရင်တော့ Air Fryer လေးကို အမြဲ သတိရလိုက်ပါ။ ဒီအိုးလေးဝယ်ထားမယ်ဆိုရင် ကြက်သားကြော်၊ အာလူးကြော်စတဲ့ ကယ်လိုရီတက်စေမဲ့အစားအစာတွေကို စိတ်ဖြောင့်ဖြောင့်နဲ့ ကြော်စားလို့ရတာပေါ့။ ရိုးရိုးဒယ်အိုးနဲ့ အသားငါး ကြော်တဲ့အခါ မိနစ် ၂၀ လောက်ကြာမယ်ဆိုရင် Air Fryer နဲ့ ကြော်တဲ့အခါ ၁၀ မိနစ်လောက်ပဲကြာတာကြောင့် အချိန်ကုန်သက်သာတာကတော့ အံ့မခန်းပါပဲ။ Air Fryer နဲ့ အသားငါးပဲ ကြော်လို့ရတာလားဆိုတော့ မဟုတ်ပါဘူး။ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး အစရှိတဲ့ဟင်းသီးဟင်းရွက်၊ မှိုအမျိုးမျိုး၊ ပင်လယ်စာအမျိုးမျိုး အစရှိတာတွေကို မိနစ်အနည်းငယ်အတွင်း ပြင်ဆင်ချက်ပြုတ်နိုင်တာကြောင့် ဝယ်ထားမယ်ဆိုရင်တော့ သိပ်ကိုအသုံးတည့်မယ့် ပစ္စည်းတစ်ခုပါပဲ။

ယခုဖော်ပြပေးလိုက်တဲ့ ခေတ်မီမီးဖိုချောင်သုံးပစ္စည်း ၅ မျိုးက မီးဖိုချောင်ထဲမှာ တစ်နေ့လုံးအချိန်ကုန်နေရတဲ့ အိမ်ရှင်မတွေ၊ မီးချောင်ထဲမှာ အချိန်မကုန်ချင်ပဲ မိမိဘ၀တိုးတက်ရေးအတွက် ကြိုးစားချင်သေးတဲ့ အိမ်ရှင်မတွေအတွက် ၀ယ်စုထားသင့်တဲ့ ပစ္စည်းမျိုးတွေပဲ ဖြစ်ပါတယ်။ ဈေးဝယ်လမ်းညွှန်အနေနဲ့ City Mart Supermarket က ကျင်းပမယ့် Kitchenware Fair ကို ညွှန်းပါရစေ။ Kitchenware Fair မှာ ပစ္စည်းအမျိုးအစားအစုံအလင်ကို လျော့ဈေးတွေနဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ကနေ အောက်တိုဘာ ၁၀ ရက်နေ့အထိ ရောင်းချမှာဖြစ်လို့ စနေ၊ တနင်္ဂနွေမှာ ဈေးဝယ်ထွက်မယ်ဆိုရင် ကွက်တိပဲနော်။