အခုလို ဆောင်းတွင်း အကူးအပြောင်းကာလမှာ လူတွေက အအေးမိ၊ နှာစေး၊ ဖျားနာတတ်ပါတယ်။

အအေးမိ၊ တုပ်ကွေးဖြစ်ရင် နှာရည်ယို၊ နှာပိတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းမှာ နှာရည်ယို၊ နှာပိတ်တာတွေဖြစ်ပြီး အသက်ရှူရခက်တာကို သက်သာပျောက်ကင်းစေမယ့် သဘာဝဆေးနည်းကို ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ

နာနတ်သီး ဖျော်ရည် ခွက်တစ်ဝက် သို့ တစ်ခွက်

 

ငရုတ်သီး အမှုန့် နည်းနည်းဖြူး

 

ပန်းသီး ရှာလကာ စားပွဲတင်ဇွန်း တစ်ဝက်

 

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

 

ပါဝင်ပစ္စည်းတွေအားလုံးကိ ပန်းကန်တစ်ခုထဲထည့်ပြီး မွှေပြီး အပူအနည်းငယ်ပေးကာ သောက်ပါ။

နာနတ်သီးမှာ ရောင်ရမ်းတာတွေ လျော့စေတဲ့ အစွမ်းသတ္တိရှိပြီး လည်ချောင်းနာ၊ ရောင်တာကို သက်သာစေပါတယ်။ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဖျားနာခြင်းကနေ ကာကွယ်ပေးပါတယ်။

ငရုတ်သီးမှုန့်က ခန္ဓာကိုယ်အတွင်းပိုင်းကို နွေးစေပြီး ဖျားတာ၊ မူးဝေအော့အန်တာတွေအတွက် ကောင်းပါတယ်။

ပျားရည်မှာ ဘက်တီးရီးယား၊ မှိုနဲ့တခြား ရောဂါတွေကို တိုက်ဖျက်နိုင်စွ မ်းတွေပါဝင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။

ပန်းသီးရှာလကာရည်ကလည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။