အုန်းထမင်း နှင့် ကျန်းမာရေး

ကဲ မယုံချင်နေ believe it or not လို့ ပြောရမယ် ထင်ပါရဲ့ ။
အုန်းထမင်း က ကယ်လိုရီ calories တွေ လျော့ချပေးတယ် ဆိုတာ ပြောမလို့ပါ ။

မြန်မာတွေ သာမက ၊ အာရှတိုက်သားတွေ အားပြုစားကြတာက ထမင်းပါ ။ ထမင်းမှာ ကယ်လိုရီ တွေ အများကြီးပါတာမို့ ဆီးချို ရောဂါ ရှိသူ ၊ ၀ တဲ့သူတွေအတွက် အခက်တွေ့ ကြရပါတယ် ။ တခြားအစားအစာသာ လျော့စားလို့ ရမယ် ၊ ထမင်းလျော့စားဖို့က အတော်ခက်ပါတယ် ။ အဲဒါကို တစိတ်တဒေသ ဖြေရှင်းနိုင်ဖို့ သီရိလင်္ကာက Sudhair James ရဲ့ စမ်းသပ်တွေ့ ရှိချက်ကို ပြောပြချင်ပါတယ် ။

ရေကို ဆူအောင်အရင်တည် ၊ ပြီးတော့ ချက်မယ့်ဆန်အလေးချိန်ရဲ့ ၃ ရာခိုင်နှုန်းလောက် ပမာဏရှိတဲ့ အုန်းဆီ ထည့် ၊ ခဏကြာမှ ဆန်ထည့် ၊ ထမင်းဖြစ်အောင် တည် ။ ရလာတဲ့ အုန်းထမင်းကို ရေခဲသေတ္တာထဲမှာ ၁၂ နာရီ ထည့်ထားရပါမယ် ။ အဲသလို ချက်လိုက်ရင် အုန်းဆီက ဆန်ရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံကို ပြောင်းလဲစေပါတယ် ။ Starch ပမာဏ လျော့ကျသွားစေပါတယ် ။ ဒါကြောင့် ကယ်လိုရီ လျော့ကျသွားစေပါတယ် ။ ပြန်နွေးစားရင်တောင် ကယ်လိုရီ ပြန်မတက် လာပါဘူးတဲ့ ။

ဆန်အမျိုးပေါင်း ၃၈ မျိုးနဲ့ စမ်းသပ်ကြပါတယ် ။ အနည်းဆုံး ကယ်လိုရီ ၁၂ ရာနှုန်းထိ လျော့ကျတာ တွေ့ ရပါတယ် ။
ကျန်းမာရေးအတွက်အထောက်အကူရအောင် ၅၀ ရာနှုန်းထိ လျော့ကျဖို့ ဆက်လက် စမ်းသပ်နေကြပါတယ် ။

ကျန်းမာချမ်းသာကြပါစေ

Credit: ဒေါက်တာမြင့်သိန်း