အုန်းသီးဟာ မြန်မာပြည်မှာတော့ တစ်နှစ်ပတ်လုံး ရစေတဲ့အသီး ဖြစ်ပါတယ်။ အုန်းသီးကို အခြား သရေစာ မြန်မာမုန့်တွေနဲ့ တွဲဖက်စားကြတာများပါတယ်။ အုန်းရည်ကတော့ ကမ်းခြေသွားတဲ့ အခါမျိုးမှာသာ အသောက်များလှပါတယ်။ တကယ်တော့ အုန်းစိမ်းရည်ကို တစ်ပတ်တစ်ခါလောက်တော့ သောက်သုံးသင့်ပါတယ်။
အုန်းစိမ်းရည်မှာ ရေဓာတ်၊ သံဓာတ်၊ ကယ်လိုရီ၊ မီးစုန်းဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်၊ အဆီဓာတ်၊ ထုံးဓာတ် နဲ့ ကစီဓာတ်တို့ ပါဝင်ပါတယ်။ မြန်မာ့ဆေးကျမ်းမှာတော့ အုန်းစိမ်းရည်ကို သောက်ပေးရင် ခံတွင်းကို မြိန်စေပါတယ်။ ချောင်းဆိုး၊ ရင်ဘတ်နာ၊ ရင်ဘတ်အောင့်ရင် အုန်းရည်သောက်ပေးရပါတယ်။ သတိမေ့တတ်သူများ အုန်းရည်ကို တစ်နေ့ ၃ကြိမ် သောက်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
အုန်းရည်ကို တစ်ပတ်တစ်ကြိမ် ပုံမှန်သောက်ပေးရင်တော့ အစာအိမ်ရောဂါ ရှိသူတွေ သက်သာစေနိုင်ပြီး အရိုးနဲ့သွားတွေကို ခိုင်ခန့်စေနိုင်ပါတယ်။ အဝလွန်မှုကိုလည်း လျှော့ချပေးနိုင်တယ်လို့ သုတေသနပညာရှင်တွေက လေ့လာတွေ့ရှိထားပါတယ်။ အုန်းရည်ဟာ HIV နဲ့ ဆားစ်ရောဂါတို့လို ကူးစက်ရောဂါတွေကို မပျံ့ပွားအောင် ထိန်းပေး နိုင်စွမ်း ရှိပါတယ်။
အုန်းရည်ဟာ သဘာဝက ပေးတဲ့ အားအင် တစ်မျိုး ဖြစ်တာကြောင့် ဂလူးကိုစ့်ရှားပါးတဲ့ ဒေသတွေမှာဆိုရင် အုန်းရည်ကို အစားထိုးသောက်ပေးနိုင်ပါတယ်။
Credit: rdfitlife