Collagen က အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေတဲ့ အဓိက ဓာတ်ဖြစ်ပါတယ်။ အသားအရေမှာ အရေးအကြောင်းတွေဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ Collagen ဓာတ် နည်းလာလို့ပါပဲ။

ဒါ့ကြောင့် Collagen ဓာတ်များတဲ့ အစားအစာတွေကို စားသုံးဖို့ လိုအပ်ပါတယ်။

Collagen ဆိုတာ ပရိုတင်းဓာတ်တစ်မျိုးပါပဲ။ Collagen က အသားအရေကို နုပျိုစေပြီး အဆီဓာတ်၊ ဆံပင်၊ အရိုးအဆစ်တွေနဲ့ အူလမ်းကြောင်းဆိုင်ရာ တစ်ရှူးတွေမှာ တွေ့ရပါတယ်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ ဘယ်ရီသီးများ

Photo Credit: Brightside

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ရောဂါအများကြီးကို ကာကွယ်နိုင်တဲ့အပြင် အရွယ်မတိုင်ခင် Collagen နည်းပါးလာမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အစိမ်းရောင်အရွက်တွေမှာ Chlorophyll ပါဝင်တာကြောင့် UV တွေကြောင့် အသားအရေ ပျက်စီးတာ၊ အရေပြားပျက်စီးတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုများလေလေ ဟင်းသီးဟင်းရွက်တွေ ပိုစားသင့်ပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ လောက် လှုပ်ရှားရတယ်ဆိုရင် ဟင်းသီးဟင်းရွက် ၃ ခွက်စာလောက်စားသင့်ပြီး မိနစ်၃၀အောက်ဆိုရင် ဟင်းသီးဟင်းရွက် ၂ ခွက်ခွဲလောက်စားသင့်ပါတယ်။

Citrus အသီးတွေမှာလည်း ဗီတာမင် စီဓာတ်ပါဝင်မှုများတာကြောင့် Collagen တွေထုတ်လုပ်ဖို့အဓိကကျတဲ့ဓာတ်ဖြစ်ပါတယ်။ ဗီတာမင် စီဓာတ်လုံလောက်စွာရရှိဖို့ အသီးအနှံ တစ်နေ့ကို ၂ ကြိမ်လောက်စားပေးပါ။

ကြက်ဥ

ကြက်ဥမှာ Collagen ဓာတ်တွေပါဝင်ပါတယ်။ အဲ့ဒီအပြင် ကြက်ဥမှာ Sulfur ဓာတ်ပါဝင်ပြီး Sulfur ဓာတ်က Collagen တွေကို ထုတ်လုပ်ဖို့ အဓိက ကျပါတယ်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်က Collagen တွေကို ပျက်စီးစေပါတယ်။ ဒါပေမယ့် ကြက်ဥက အသည်းမှာ အဆိပ်အတောက်များတာကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။