ပျားရည်ကို သစ်ကြံပိုးခေါက်နဲ့ ပုံမှန်တွဲပြီး စားသုံးပေးတာဟာ ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေပါတယ်။ ပျားရည်နဲ့ သစ်ကြံပိုးခေါက်ကို နှစ်ပေါင်း ၄၀၀၀ ကျော်သည့်တိုင် တိုင်းရင်းဆေးဝါးအဖြစ် အသုံးပြုခဲ့ကြတာပါ။ အီဂျစ်နိုင်ငံသားတွေကတော့ ဒဏ်ရာတွေ ရှနာတာတွေအတွက် အသုံးပြုခဲ့ကြပြီး ဂရိနိုင်ငံသားတွေကတော့ အသည်ရှည်ဖို့နဲ့ အိန္ဒိယနိုင်ငံသားတွေကတော့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အသုံးပြုခဲ့ကြပါတယ်။
ပျားရည်နဲ့ သစ်ကြံပိုးခေါက်ကို တွဲပြီး စားသုံးရင် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ နှလုံးရောဂါ
မနက်စာ ပေါင်မုန့်ကို ယိုနဲ့ တို့စားမဲ့အစား ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်ကိုရောပြီး တို့စားပါ။ အဲဒီလို စားပေးတာဟာ သွေးတွင်း ကိုလက်စထရောပါဝင်မှုကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်တာကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
၂။ အဆစ်ရောင်ရောဂါ
ရေနွေးထည့်ထားတဲ့ ခွက်ထဲမှာ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ သစ်ကြံပိုးခေါက်အမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောပြီး ဖျော်ပါ။ အဲဒီဖျော်ရည်ကို မနက်ပိုင်းနဲ့ ညနေပိုင်းမှာ သောက်ပါ။ အဲဒီလိုပုံမှန်သောက်သုံးပေးရင် အဆစ်ရောင်ရောဂါကို သက်သာစေမှာဖြစ်ပါတယ်။
၃။ သည်းခြေနှင့်ဆိုင်သော ရောဂါများ
သည်းခြေနဲ့ ဆိုင်တဲ့ ရောဂါတွေအတွက် ရေနွေးထည့်ထားတဲ့ခွက်ထဲကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သစ်ကြံပိုးခေါက်အမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ထည့်ဖျော်ပြီး မနက်တစ်ခွက် ညနေ တစ်ခွက်သောက်ပါ။
၎။ ကိုလက်စထရောလျှော့ချဖို့
ဖန်ခွက်(ဖန်ခွက်အကြီး) ထဲကို ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်းထည့်ပြီး ဖျော်ပါ။ အဲဒီဖျော်ရည်ဟာ နှစ်နာရီအတွင်း ကိုလက်စထရော ပမာဏကို ၁၀ % လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
၅။ အအေးမိတာ
မကြာခဏအအေးမိတာမျိုးဖြစ်တတ်ရင် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံထည့်ဖျော်ပြီး သောက်ပါ။ မကြာခဏဆိုသလို အအေးမိတတ်တာကို သက်သာသွားမှာပါ။
၆။ ကိုယ်ခံအားကောင်းမွန်ဖို့
ပျားရည်နဲ့ သစ်ကြံပိုးခေါက်အမှုန့်ကို နေ့စဉ်စားသုံးပေးတာဟာ ကိုယ်ခံအားကောင်းမွန်စေပြီး ရောဂါပိုး ကူးစက်တာကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။