ဟင်းချက်နည်းအတိုင်းလိုက်ပြီး ချက်ပြုတ်နေပေမယ့် ဟင်းလျာတွေက အရသာမရှိဖြစ်နေပါသလား။ သင်မထင်မှတ်ထားတဲ့ အမှားအသေးလေးတွေက ဟင်းလျာတွေကို အနံ့အရသာ ပျက်စေပါတယ်။

အိုးထဲကို စုပြုံထည့်ခြင်း


အသားလေးကို ကြွပ်ကြွပ်လေး ချက်ပြုတ်ချင်ရင် အိုးထဲကို အသားတွေစုပြုံထည့်တာမျိုးမလုပ်ပါနဲ့။ အိုးထဲကို အသားတွေ စုပြုံထည့်ရင် နူးတာခြင်းလည်း မညီတော့သလို၊ တူးတာတွေလည်းဖြစ်တတ်ပါတယ်။ တခါတလေ အသားတွေက အရည်တွေထွက်လာပြီး အသားက အကြွပ်ကြော်လိုမရဘဲ ပြုတ်ထားသလိုဖြစ်နေတတ်ပါတယ်။

မကပ်တဲ့ အိုး (Non-Stick Pan) နဲ့ အသားကိုချက်ခြင်း


မကပ်တဲ့အိုး (Non-Stick Pan) တွေက သာမန်အိုးတွေထပ် မီးအားနည်းတာကြောင့် အသားတွေချက်ရာမှာ အဆင်မပြေပါဘူး။ ကြက်ဥကြော်တာ၊ Pancake လုပ်တာမျိုးမှာ Non-Stick Pan က အဆင်ပြေပေမယ့် အသားတွေကို ကြော်လှော်တာမျိုးမှာတော့ အဆင်မပြေပါဘူး။

Pasta ခေါက်ဆွဲပြုတ်ရာမှာ ဆားမထည့်ခြင်း


Pasta ခေါက်ဆွဲစားချင်လို့ အိမ်မှာလုပ်စားပေမယ့် စားလို့မကောင်းဘူးဖြစ်နေပါသလား။ Pasta ခေါက်ဆွဲပြုတ်ရာမှာ ဆားထည့်ဖို့ လိုအပ်နေပါတယ်။ ဆားမထည့်ရင် ပြုတ်ပြီးထွက်လာတဲ့ ခေါက်ဆွဲမှာ အရသာမရှိပါဘူး။ ဘယ်လို အချဉ်ရည်တွေနဲ့ဘဲ လုပ်လုပ် အဆင်ပြေမှာမဟုတ်ပါဘူး။ Pasta ၃၀၀ ဂရမ်ကို ဆား စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။

သံလွင်ဆီနဲ့ အစားအစာတွေကို ကြော်ခြင်း


သံလွင်ဆီက အပူရှိန်ပြင်းပြင်းနဲ့ ချက်ဖို့ မသင့်တော်ပါဘူး။ အပူရှိန်ပြင်းပြင်းနဲ့ချက်ရင် အာဟာရဓာတ်တွေ ပျောက်ဆုံးသွားပြီး တူးလွယ်ပါတယ်။ အရသာလည်းမကောင်းတော့ပါဘူး။ ဒါ့ကြောင့် သံလွင်ဆီကို အသုတ်တွေမှာသုံးသင့်ပါတယ်။ နေကြာဆီကဘဲ ကြော်လှော်တဲ့နေရာမှာ အသုံးပြုသင့်ပါတယ်။

အိုးကို ပူအောင် မစောင့်ခြင်း


ဟင်းချက်ရာမှာ မှားတတ်တဲ့အမှားမျိုးပါ။ အိုးကို မီးဖိုပေါ်တင်၊ ဆီထည့်ပြီး စချက်တော့တာပါဘဲ။ အဲ့ဒါက မှားပါတယ်။ စားဖိုးမှူးတွေပြောလေ့ရှိတာက အိုးက ပူနေပြီထင်ရင် ၂ မိနစ်လောက်စောင့်ပြီး အဲ့ဒီအချိန်အတွင်းမှာ ပြင်ဆင်စရာရှိတာပြင်ပါလို့ ပြောပါတယ်။

အေးခဲနေတဲ့အသားတွေကို အိုးထဲချက်ခြင်းထည့်တာ


ဟင်းလျာတွေမချက်ပြုတ်ခင်မှာ အေးခဲနေတဲ့အသားတွေကို အခန်းအပူချိန်နဲ့ နာရီပေါင်းများစွာထားပြီး ပျော်အောင်လုပ်ပါ။ ဒါမှ အရသာရှိတဲ့ ဟင်းလျာတွေကို ရရှိမှာပါ။

ဟင်းချက်ပြီးပြီးခြင်းစားတာ၊မြည်းတာ


တခါတလေ ပူနေတဲ့အချိန်မှာ ဟင်းလျာတွေက အရသာရှိပေမယ့် နည်းနည်းအေးသွားတာနဲ့ အရသာမရှိတော့ပါဘူး။ အိုးပေါ်မှာ အရသာအမှန်မရတတ်တာများပါတယ်။ ဒါ့ကြောင့် အရသာအမှန်ကို သိချင်ရင် ပန်းကန်ထဲထည့်ပြီး ၅ မိနစ်လောက်ထားပြီး မြည်းစမ်းကြည့်ပါ။ ဒါမှ အရသာအမှန်ထွက်လာမှာဖြစ်ပါတယ်။

ရေခဲသေတ္တာထဲကို အားလုံးထည့်တာ


ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကီဝီ၊ သရက်သီး စတဲ့ အသီးတွေက ပြင်ပအပူချိန်မှာဘဲ သိမ်းဆည်းထားရင် ပိုပြီးအရသာရှိပါတယ်။ ရေခဲသေတ္တာထဲမှာဘဲ သိမ်းထားရင် အရသာ၊ လတ်ဆတ်မှုတို့ ပျက်စီးသွားတတ်ပါတယ်။