ကျန်းမာရေးကလည်း ကိုယ်စားသုံးလိုက်တဲ့ အစားအစာပေါ် မူတည်နေပါတယ်။ တချို့ အစားအစာတွေက အရသာတော့ သိပ်မရှိပေမယ့် ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ အစားအစာတွေဖြစ်ပါတယ်။

တခါတလေ ကိုယ်တွဲစားမိလိုက်တဲ့ အစားအစာတွေက ကျန်းမာရေးကိုပြန်ပြီး ဒုက္ခပေးတာမျိုးတွေလည်း ရှိပါတယ်။

ပီဇာနဲ့ ဆိုဒါ

ပီဇာကို ဆိုဒါအအေးနဲ့ တွဲပြီး စားသုံးလေ့ရှိပါတယ်။ အမှန်တော့ ဒါက ကျန်းမာရေးအတွက် ကောင်းတဲ့ အပြုအမူမဟုတ်ပါဘူး။

ပီဇာမှာပါဝင်တဲ့ ပရိုတင်း၊ ကစီဓာတ်တွေကတောင် အစာခြေဖို့ အချိန်အများကြီးယူရပါတယ်။ အဲ့ဒါကို ဆိုဒါ ဖျော်ရည်နဲ့ အစာခြေစနစ်ကို နှေးအောင် ထပ်လုပ်သလိုဖြစ်နေပါတယ်။ ဒါကြောင့် အစာအိမ်က အစာသေချာ မခြေနိုင်တော့တာတွေ ဖြစ်တတ်ပြီးရင်ပြည့်ရင်ကယ်တာ အစာမကြေတာတွေ ခံစားရနိုင်ပါတယ်။

သကြားများတဲ့ ဖျော်ရည် အစားအစာတွေကို အစာစားပြီး ၁ နာရီခွဲလောက်မှ သောက်သင့်ပါတယ်။

ကွေကာအုပ်နဲ့ လိမ္မော် ဖျော်ရည်

15813210-8918910-5-0-1503666508-1503666511-0-1504192172-0-1504255853-1504255861-650-1-1504255861-650-8432011f67-1504301005

မနက်ခင်းမှာ ကွေကာအုပ်ရော လိမ္မော်ဖျော်ရည်ရောပါ သောက်သုံးလိုက်ရင် သင်မျှော်လင့်ထားသလို ခွန်အားပြည့်တဲ့ မနက်ခင်းကို ရရှိမှာမဟုတ်ပါဘူး။ သင့်ကို မသက်မသာဖြစ်စေပြီး အစာအိမ်မှာလည်း လေးလံကာ အစာ မကြေတဲ့ ခံစားချက်မျိုး ခံစားရနိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ်ကို ဖြိုခွဲနေတဲ့ အင်ဇိုင်းတွေရဲ့ စွမ်းဆောင်မှုကို လိမ္မော်ရည်မှာပါဝင်တဲ့ အက်ဆစ်ဓာတ်တွေကို နှေးအောင်လုပ်ဆောင်နိုင်ပါတယ်။

ကြက်ဥနဲ့ ဝက်ပေါင်ခြောက်

15813110-8918110-4-0-1503666492-1503666496-0-1504192022-0-1504255774-1504255777-650-1-1504255777-650-8432011f67-1504301005

မနက်ခင်းစာကို ကြက်ဥကြော်၊ ပေါင်မုန်နဲ့ဝက်ပေါင်ခြောက်တို့နဲ့ စားသုံးလေ့ရှိပါတယ်။ ဒါက အမှန်တော့ ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ တစ်နေ့တာလုံး သုံးရမယ့် စွမ်းအင်တော်တော်များများကို မနက်စာ အစာကြေဖို့အများကြီး သုံးလိုက်ရတာကြောင့် စိတ်ကြည်လင် လန်းဆန်း တက်ကြွမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။