မလေးရှားနိုင်ငံက အနုပညာရှင် Hong Yi က အစားအစာတွေကို အသုံးပြုပြီး လှပတဲ့ လက်ရာတွေ ဖန်တီးခဲ့ပါတယ်။

ဒီလို အစားအစာတွေနဲ့ အနုပညာဖန်တီးတာကို “Creativity with Food” လို့ နာမည်ပေးထားပါတယ်။

“ဦးနှောက်ထဲမှာ အကြံတွေရလာတာနဲ့ ချက်ခြင်းချရေးနိုင်ဖို့ပန်းချီဆွဲတဲ့ စာအုပ်အမြဲဘေးနားထားထားရတယ်။”လို့ Hong Yi က ပြောပါတယ်။

ဒီဓာတ်ပုံတွေအားလုံးကို သူကိုယ်တိုင်ရိုက်ခဲ့တာဖြစ်ပြီး နေရောင်ရှိတဲ့အချိန် ၄ နာရီနဲ့ ၅ နာရီကြားလောက်မှာ ရိုက်ကူးခဲ့ပါတယ်။

ဒီလို ပန်းကန်ပြားပေါ်မှာ အနုပညာဖန်တီးဖို့ Hong Yi တစ်ယောက် တစ်နေ့လုံး ကြိုးစားရပြီး နေ့လည် ၃ နာရီလောက်မှာ အဆင့်သင့်ဖြစ်အောင်လုပ်နိုင်မှ ညနေ ၄ နာရီလောက်မှာ ဓာတ်ပုံရိုက်လို့ရတာဖြစ်ပါတယ်။