ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက် သဘာဝနည်းအတိုင်း ကျစေမယ့် နည်းလမ်းတစ်ခုကို မျှဝေချင်ပါတယ်။ ဒါကတော့ သခွားသီးစားပြီး ချရမယ့် နည်းပါ။ ကိုယ်တွင်းက အဆီတွေကိုပါမက ဝက်ခြံပြဿနာကိုပါ တစ်ခါတည်း သက်သာစေနိုင်ပါတယ်။

လတ်ဆတ်တဲ့ သခွားသီးဟာ ကိုယ်တွင်းက အဆိပ်တွေကို ဖယ်ရှားနိုင်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိစေပါတယ်။ သူ့ကို စနစ်တကျ စားပေးမယ်ဆိုရင် ကိုယ်အလေးချိန် ကျစေပြီး အသားအရေ ကြည်လင်လာစေပါတယ်။

Source: MomJunction

Cucumber Diet Plan for 1 Day

တစ်ရက်စာ အစီအစဉ်လေးပါ။ ဒါမျိုး ၇ရက် စားရမှာပါ။ အဓိက လျှော့ရမှာကတော့ အဆီနဲ့ အငံပါ။ အခြား အစားအစာတွေကို မစားမိစေဘဲ ထိန်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

၁။ မနက်စာ

လှီးထားတဲ့ သခွားသီး တစ်ပန်းကန်စာနဲ့ ကြက်ဥပြုတ် ၁လုံး (သို့) ၂လုံး စားရပါမယ်။

၂။ သရေစာ

ပန်းသီး တစ်လုံး (သို့) သစ်တော်သီး (သို့) ဆီးသီးခြောက် ၃-၅လုံး စားလို့ရပါတယ်။

Cucumber Salad

၃။ နေ့လည်စာ

သခွားသီး Salad (သို့) သခွားသီး အစိမ်း (သို့) သခွားသီးပြုတ် တစ်ပန်းကန်နဲ့ ပေါင်မုန့်တစ်ချပ်စားပေးရပါမယ်။ ပေါင်မုန့်ဟာ ဂျုံချည်းပဲ လုပ်ထားတဲ့ ပေါင်မုန့်ဖြစ်ရပါမယ်။ အထဲမှာ အစာသွပ်ထားတဲ့ ပေါင်မုန့်တွေ မရပါဘူး။

သခွားသီး Salad ကို ကိုယ်တိုင်လုပ်ဖို့ အတွက်

Source: livescience.com

  • သခွားသီး ၄၀၀ kg
  • ဒိန်ချဉ် ၂၀၀ ml
  • ဆားအနည်းငယ်နဲ့ ကြက်သွန်နီ

သခွားသီးကို အခွံနွှာပြီး အတုံးလေးတွေ တုံးပါ။ ဆားနဲ့ ဆုပ်နယ်ပါ။ အရမ်းမငံစေပါနဲ့။ ပြီးရင် ဒိန်ချဉ်ထည့်ပါ။ ဒိန်ချဉ်မကြိုက်ရင်တော့ နွားနို့ထည့်ပါ။ ရောမွှေပြီး ကြက်သွန်နီကို လှီးပြီး ထည့်ပါ။ သခွားသီး Salad  လုပ်ရမှာ ရှုပ်တယ်ဆိုရင်တော့ သခွားသီး အစိမ်းကိုပဲ ဒီအတိုင်းစားလိုက်ပါ။

Cucumber

၄။ နေ့လည် သရေစာ

သခွားသီး ဖျော်ရည်

  • သခွားသီး တစ်လုံး
  • ပန်းသီးတစ်လုံး
  • ဟင်းနုနွယ်ရွက်လက်တစ်ဆုပ်စာပါဝင်ပစ္စည်းတွေကို ရောပြီး ကြိတ်ပြီး သောက်ပါ။ အနံ့ကို မကြိုက်ရင်တော့ ဂျင်းလေး နည်းနည်းထည့်ပြီး သောက်ပါ။

Source: Healthline

၅။ ညစာ

ကြိုက်နှစ်သက်တဲ့ အသီးတစ်မျိုးကို ၃၀၀ ဂရမ် စားပေးပါ။ဒီအတိုင်း ၇ ရက်စားပေးပါ။ အသားအရေ ကြည်လင်လာစေပြီး ကိုယ်တွင်း မကောင်းတဲ့ အဆီတွေ ကျစေပြီး အလေးချိန်ကိုပါ လျှော့ချပေးသွားမှာပါ။

Source: healthyandnaturalsolution.com

Featured Image Source: Times of India