သခွားသီးကို ဖျော်ရည်လုပ်သောက်ကြတာ နည်းပါတယ်။ မြန်မာပြည်မှာတော့ သခွားသီးကို အလှအပရေးရာအတွက် သုံးကြပြီး တို့စရာ အဖြစ် စားကြတာများပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ Detox Water တွေ ခေတ်စားလာတာနဲ့ အမျှ သခွားသီးကို ရေစိမ်ပြီး သောက်လာကြသူတွေ များလာပါပြီ။
ဒါကို ကြည့်ခြင်းအားဖြင့် သခွားသီးမှာ လူတွေကို ကျန်းမာစေနိုင်တဲ့ ဓာတ်တွေ အများအပြား ပါဝင်တယ်ဆို မြင်နိုင်ပါတယ်။
အခုလို ပူပြင်းတဲ့ ရာသီမှာ ရင်အေးပြီး ရေဓာတ်ပြည့်ဝတာ မြန်ဖို့ အတွက် သခွားသီးကို ဖျော်ရည်အဖြစ် လုပ်သောက်လို့ ရပါတယ်။ သခွားသီးကို ကြိတ်ပြီး ဆားအနည်းငယ်နဲ့ သကြား အနည်းငယ်ထည့်ပြီး သောက်ပေးလို့ ရပါတယ်။ သံပုရာသီးလေး နည်းနည်း ညှစ်သောက်မယ်ဆိုရင်လည်း အရသာ တစ်မျိုးနဲ့ ကောင်းပါတယ်။
၁။ ရေဓာတ်ပြန်ဖြည့်တာ မြန်ဆန်
တစ်နေ့ကို သခွားသီးဖျော်ရည် တစ်ခွက်ပုံမှန်သောက်ပေးရင် ကုန်ခန်းနေတဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်ဆည်းပေးမှာ ဖြစ်ပြီး အသားအရေ ခြောက်သွေ့တာတွေ မဖြစ်စေဖို့ ကူညီပါတယ်။ ရင်အေးစေပြီး ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
၂။ ကင်ဆာရောဂါကို ကာကွယ်နိုင်
သခွားသီး ဖျော်ရည်ဟာ သခွားသီး တစ်လုံးလုံးမှာ အပါတဲ့ အာဟာရဓာတ်တွေ အားလုံး ပါဝင်တဲ့အတွက် ခုခံစွမ်းအားတွေ မြင့်တက်စေနိုင်ပြီး ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို သေစေနိုင်ပါတယ်။ ကင်ဆာကြောင့် ဖြစ်စေမယ့် ဓာတ်တွေကို လျှော့ချပေးနိုင်တဲ့အပြင် လူတွေအတွက် လိုအပ်တဲ့ ကောင်းမွန်တဲ့ ပိုးမွှားတွေကို အားပေးပါတယ်။
၃။ ဝိတ်ကျစေနိုင်
သခွားသီးမှာ မကောင်းတဲ့ အဆီဓာတ်တွေ မပါဝင်တဲ့ အပြင် အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝမှုတွေကြောင့် ကိုယ်အလေးချိန်ကို လျော့ချဖို့ အကောင်းဆုံး အသီးပါ။ ဒါကြောင့် ဗိုက်ပြည့်စေပြီး ဝိတ်ကျစေဖို့ သခွားသီးကို ဖျော်ရည်လုပ်သောက်နိုင်ပါတယ်။ ကယ်လိုရီပါဝင်နည်းပါတဲ့ အတွက် အဆီတွေကို ထပ်ပြီး မဖြစ်စေနိုင်ပါဘူး။
၄။ အစာကြေစနစ်ကို ကောင်းမွန်
သခွားသီးဖျော်ရည်မှာ အစာကြေခြင်းကို ကောင်းမွန်ဖို့ ကူညီနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရေဓာတ်နဲ့ အမျှင်ဓာတ်တွေကြောင့်လို့ပဲ ပြောရပါမယ်။ အစာကြေစနစ်ထဲက အဆိပ်တွေကို ဖျက်ဆီးပေးနိုင်ပြီး ကိုယ်တွင်း ကလီစာတွေကို ကောင်းမွန်စွာ လည်ပတ်စေနိုင်ပါတယ်။
၅။ Hangover အတွက် ကောင်းမွန်
ညဘက် သောက်တာများပြီး အမူးလွန်တဲ့ မနက်ခင်းတွေကို ကျော်လွှားဖို့ သခွားသီးဖျော်ရည်ဟာ အကောင်းဆုံးပါပဲ။ ခေါင်းကိုက်ခြင်းနဲ့ ရေငတ်ခြင်းတို့ကို သက်သာစေနိုင်ပြီး သကြားဓာတ်နဲ့ ဗီတာမင် ဘီတွေ အလုံအလောက် ပေးစွမ်းနိုင်ပါတယ်။ အယ်ကိုဟောကြောင့် ကုန်သွားတဲ့ အားအင်တွေကို ပြန်ပြီး ဖြည့်တင်းပေးနိုင်ပါတယ်။
Credit: Zeenews