သံပုရာသီးရဲ့ အနံ့က လူတွေကို တက်ကြွလန်းဆန်းစေပါတယ်။ စိတ်တွေရှုပ်ထွေး၊ ခေါင်းကိုက်နေရင် သံပုရာသီးအနံ့လေးက ကြည်လင် လန်းဆန်းစေမှာပါ။
သံပုရာသီးမှာ ဗီတာမင် စီ၊ ဗီတာမင် A၊ ဗီတာမင် B Complex ၊ သတ္တုဓာတ်၊ ကယ်ဆီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ မဂ္ဂနီဆီယ်ဓာတ်၊ ကော့ပါးဓာတ် နဲ့တခြား အင်းအားပြည့်ဝစေတဲ့ Antioxidants ဓာတ်တွေလည်း အများကြီး ပါဝင်ပါတယ်။
သံပုရာသီးတွေကို လှီးပြီး အခန်းထဲထည့်ထားပြီး အိပ်ရင် အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကျပ်၊ နှာစေးတာတွေကို သက်သာပျောက်ကင်းစေပါတယ်။
သံပုရာသီးကို လှီးပြီး အိပ်လို့နောက်တစ်နေ့ မနက်အိပ်ယာထရင် လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းက ရှင်းလင်းနေမှာပါ။
သံပုရာသီးရဲ့ အကျိုးကျေးဇူးများ
- မူးဝေ အော့အန်တာကို သက်သာစေ
- ပန်းနာရင်ကျပ်ကို သက်သာပျောက်ကင်းစေ
- ဘက်တီးရီးယားတွေကို သေစေ
- လည်ချောင်းနာ သက်သာ
- စိတ်ဖိစီးမှုကို လျော့ချနိုင်
- နာကျင်ကိုက်ခဲမှုကို သက်သာ
- အသည်းကင်ဆာ ရောဂါကို သက်သာ
ဒါကြောင့် ညမအိပ်ခင်မှာ သံပုရာသီး ၂လုံး ၃လုံးကို လှီးပြီး ပန်းကန်ထဲထည့်ကာ အိပ်ယာဘေးမှာ ထားပြီး အိပ်ပါ။