တချို့လူတွေက ကိုယ့်ထက်ပိုပြီး တက်ကြွလန်းဆန်းနေနိုင်သလဲဆိုတာကို စဉ်းစားမိကြမှာပါ။ သင်လည်း သူတို့လို တက်ကြွလန်းဆန်းစေချင်ရင် သင့် နေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲလိုက်ပါ။

အိပ်ရေး၀၀ အိပ်စက်

03-heart-doctors-sleep

ညအိပ်ချိန်မှာ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းတာပါ။ ဒါကြောင့် အိပ်ရေး၀၀ အိပ်စက်တာက နောက်တစ်နေ့ကို အားအင်အပြည့်နဲ့နိုးထနိုင်ဖို့ကူညီပါတယ်။

အဲ့ဒီအပြင် ကိုယ်နိုးနေချိန်မှာ စွမ်းအင်အများဆုံးအသုံးပြုရတဲ့ ဦးနှောက်ကိုလည်း အိပ်နေချိန်မှာ အားအင်တွေပြန်ဖြည့်ပေးပါတယ်။

ရေများများသောက်ပါ

bottle-2032980_1280

တစ်နေ့ကို ရေ ၈ခွက်ထက် မနည်းသောက်သုံးပါ။ အားကစားတွေလုပ်ဖြစ်ရင် ၈ ခွက်ကျော်လောက်ကို သောက်သုံးသင့်ပါတယ်။ အားပျော့တဲ့ ရေဓာတ်ခမ်းခြောက်မှုကို အလွယ်တကူ ပင်ပန်းတာကိုဖြစ်စေတဲ့အပြင် အားအင်တွေကိုလည်း အလွယ်တကူကုန်ခမ်းပြီး နေမကောင်း ဖြစ်စေနိုင်ပါတယ်။

အနားယူပါ

Unknown

စွမ်းဆောင်ရည်မြင့်တဲ့သူတွေက သူတို့အတွက် ကိုယ်ပိုင် အချိန်ပေးပြီး အနားယူကြပါတယ်။ အဲ့လို ကိုယ်ပိုင်အချိန်ပေးပြီးအနားယူတာကြောင့် သူတို့ အလုပ်တွေကို တီထွင်ကြံဆမှုကောင်းပြီး အလုပ်လည်း ပိုတွင်ပါတယ်။

ဒါကြောင့် အလုပ်ကို တောက်လျောက်မလုပ်ဘဲ နာရီအနည်းငယ်လောက် အလုပ်လုပ်ပြီးရင် ခဏလောက်နားပါ။

လေ့ကျင့်းခန်းလုပ်ပါ

silhouette-2512805_1280

အားကစားလုပ်တာက ကိုယ့်စွမ်းအင်တွေကိုသုံးတာပါဘဲ။ ဒါပေမယ့် အားကစားလုပ်ရင် ပင်ပန်းတာတွေကို ပြေပျောက်နိုင်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုကြောင့် ပင်ပန်းတာတွေကို ပျောက်စေပြီး တက်ကြွလန်းဆန်းစေပါတယ်။

အာဟာရရှိတဲ့ အစားအစာတွေစားပါ

raspberry-2023404_1280

ကျန်းမာရေးအတွက် ကောင်းတဲ့ အာဟာရရှိတဲ့ အစားအစာတွေက သင့်ကို အားအင်တွေပိုရှိစေမှာပါ။ အာဟာရရှိတဲ့ အစားအစာတွေစာသုံးပြီး သကြားစားသုံးတာနဲ့အရက်သောက်တာကို လျော့ချရင် သင့်ရဲ့ အားအင်တွေကို တိုးမြင့်စေပါတယ်။

ကဖိန်းဓာတ်ကို မစွဲလန်းပါနဲ့

GettyImages-540712457-56a499265f9b58b7d0d7bc49

ကဖိန်းဓာတ်က ကိုယ့်ကို တက်ကြွလန်းဆန်းစေပေမယ့် ကော်ဖီသောက်သုံးတာများရင် ညအိပ်မပျော်တာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝစနစ်ကို ထိခိုက်စေပါတယ်။

ဆေးလိပ်မသောက်ပါနဲ့

Isolated-shot-of-broken-cigarettes-on-white-background

ဆေးလိပ်သောက်တာဟာ ကျန်းမာရေးကိုထိခိုက်စေပြီး အမောလည်း မခံနိုင်တော့ပါဘူး။ ဒါကြောင့် ဆေးလိပ်ဖြတ်နိုင်ဖို့ကြိုးစားပါ။