ကိုယ့်ရဲ့ အမူအကျင့်၊ အပြုအမူတွေက ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။ ဒါကြောင့် အမြန်ဆုံး အိုမင်းရောင့်စေတဲ့ အပြုအမူတွေကို ရှောင်ရှားလို့ရအောင် ဝေမျှလိုက်ပါတယ်။

အချိုဓာတ်စားသုံးမှုများခြင်း

iStock_000018220199_Small1-640x425

အဆာပြေစာတွေ၊ အချိုဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးလေ့ရှိပါတယ်။ ဒါပေမယ့် အမြဲလိုလို စားရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။

အဆာပြေစာတွေက အများအားဖြင့် အချိုဓာတ်တွေ၊ သကြားဓာတ်တွေပါဝင်မှုများပါတယ်။ အချိုဓာတ်တွေမှာ Cytokines ဆိုတဲ့ဓာတ်ပါဝင်ပြီး ရောင်ရမ်းစေပါတယ်။ အဲ့ဒီအပြင် ဆီးချို၊ နှလုံးရောဂါနဲ့ ကင်ဆာတို့ကို ဖြစ်စေပါတယ်။

သကြားက အိုမင်းရင့်ရော်စေပြီး အသားအရေတွေ ပွလာပြီး အရေးအကြောင်းတွေ ပိုဖြစ်စေပါတယ်။

ညအိပ်ချိန် မလုံလောက်ခြင်း

အရွယ်ရောက်ပြီးတဲ့သူတွေက တစ်နေ့ကို ၇ နာရီကနေ ၉ နာရီကြား အိပ်သင့်ပါတယ်။ အိပ်စက်မှုကြောင့် ထွက်ရှိတဲ့ Melatonin ဟော်မှုန်းဓာတ်က DNA နဲ့ ဆဲလ်တွေကို ပြင်ပေးပါတယ်။

ညအိပ်ချိန် မလုံလောက်ရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ အများကြီးဖြစ်စေပါတယ်။ ညတစ်ညလောက် ကောင်းကောင်း မအိပ်ရင် မျက်ကွင်းညိုတာ၊ အသားအရေ မညီတာ၊ အသားအရေည ခြောက်တာတွေ ဖြစ်စေပါတယ်။

ကိုယ့်ကိုကို ချစ်ပါ

women-dress-reading-books-turkish-nail-polish-900x1600

လူတွေတော်တော်များများက ကိုယ့်ရဲ့ နေ့စဉ်အလုပ်အပေါ်မှာ အာရုံစိုက်မှုများပြီး ပျော်အောင်နေဖို့ မေ့နေကြပါတယ်။

ဒါကြောင့် နေ့တိုင်းကိုယ့်အတွက် အချိန်ကို သုံးပါ။ ပျော်အောင်နေပါ။ ဥပမာ ညမအိပ်ခင် စာအုပ်ကောင်းကောင်းဖတ်တာ၊ ကိုယ်ကြိုက်တဲ့အစားအစာ စားတာ၊ အနုပညာ သင်တန်းတစ်ခုခု တက်တာတို့လုပ်သင့်ပါတယ်။

စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ အရက်သောက်

man-with-alcohol-in-hand-and-resting-head-on-table-732x549-thumb_0

တစ်နေ့ကို ဝိုင်အနီတစ်ခွက်သောက်တာက ကျန်းမာရေးအတွက် ကောင်းပေမယ့် တစ်ပုလင်းလုံးသောက်တာတော့ မကောင်းပါဘူး။

အရက်အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို ရောင်ရမ်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို နှေးစေပါတယ်။

အရက်သောက်မယ့်အစား ကိုယ့်ဆီမှာ ဖြစ်နေတဲ့ ပြဿနာတွေကို စာရွက်ပေါ်မှာ ရေးချပြီး တစ်ခုချင်းစီ ဖြေရှင်းနိုင်ဖို့ကြိုးစားပါ။ ဒါဆိုရင် ကိုယ့်ကိုကို ပိုပြီး သဘောပေါက်နားလည်ကာ အဖြေရသွားပါလိမ့်မယ်။

ခွင့်မလွှတ်နိုင်ခြင်း

1

ခွင့်မလွှတ်ဘဲ ရင်ထဲမှာ ကြိတ်ခံစား ဒေါသထွက်နေရင် ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။ ဒါကြောင့် တခြား တစ်ယောက်ကို ခွင့်လွှတ်သလို ကိုယ့်ကိုကိုလည်း ခွင့်လွှတ်နိုင်အောင် ကြိုးစားရပါမယ်။ ခွင့်လွှတ်ခြင်းက ကိုယ့်စိတ်ကို ထောင်ချောက်ထဲက လွှတ်လိုက်တာပါဘဲ။