စွံပလွံသီးကို သရေစာ အဖြစ်  စားကြတာ များပါတယ်။ စွံပလွံသီးဟာ အရသာရှိပေမယ့် စားသုံးတဲ့လူဟာ အခြား အသီးအနှံတွေထက်စာရင် နည်းတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် သူ့အစွမ်းကတော့ မနည်းပါဘူး။

စွံပလွံသီးဟာ ကိုလက်စထရောဓာတ်ကို များစွာ လျှော့ချပေးနိုင်ပြီး အဝလွန်တဲ့ သူတွေ အတွက် ကောင်းမွန်တဲ့ ဓာတ်စာ တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် ဓာတ်ကို ကြွယ်ဝေစေပြီး ဗိုက်ပြည့်လွယ်ပါတယ်။ ဗီတာမင် B1, B2, B3 နှင့် B5 တို့ကြွယ်ဝစေသည့်အပြင် ပရိုတင်းဓာတ်ကိုလည်း ကြွယ်ဝစေပါတယ်။

dates fruit

အာရုံကြော မကောင်းသူတွေ အတွက်တော့ စွံပလွံသီးကို စားပေးသင့်ပါတယ်။ စွံပလွံသီးကို နွားနို့နဲ့ တွဲသောက်မယ်ဆိုရင်တော့ ကောင်းမွန် တဲ့ စွမ်းအင်တွေ ပေးတဲ့အပြင် ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေပါတယ်။ သွားများ ယိုင်နဲ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

dates-growing

စွံပလွံသီးဟာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ကိုယ်တွင်း ကင်ဆာတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ အမြင်ကို ကြည်လင်စေပြီး ခန္ဓာကိုယ် ကြွက်သားတွေကို ကျစ်လစ်စေတဲ့ အတွက် အားကစားလုပ်သူတွေ အတွက် အဖော်မွန်ပါပဲ။

Source: dietoflife