တခါတလေ ကိုယ်စားနေကျပုံစံမဟုတ်ဘဲ နည်းလမ်းအသစ်လေးတွေနဲ့ ပေါင်းစပ်လိုက်ရင် အရသာရှိတဲ့ Snack လေးကို ရရှိမှာပါ။

စတော်ဘယ်ရီသီး နဲ့ Cream

စတော်ဘယ်ရီသီးလည်း ပေါ်နေတဲ့အချိန်ဆိုတော့ ခါတိုင်းစားနေကျတဲ့ပုံစံထက် Cream လေးနဲ့လည်းစားလို့ရပါတယ်။

စတော်ဘယ်ရီသီးလေးကို ရေဆေးပြီး စတော်ဘယ်ရီသီးကို ထိပ်ပိုင်းလေးလှီးလိုက်ပါ။ ပြီးရင် အတွင်းပိုင်းလေးကို အနည်းငယ်ဖောက်လောက်ပါ။ ပြီးမှ ကိတ်မုန့်လုပ်တဲ့ Creamကို ခုနက အပေါက်ထဲထည့်လိုက်ပါ။

ချိစ်နဲ့ အသားပြားလေးတွေကို အခုလို လှပတဲ့ ပုံစံလေးလုပ်စားလို့ရပါတယ်။

ငှက်ပျောသီး၊ ချောကလက် နဲ့ ပလာတာ

ပလာတာ ပြားပြားလေးပေါ်မှာ ချောကလက်ကို သုတ်ပေးပါ။ ပြီးမှ ငှက်ပျောသီးကို တင်လိုက်ပါ။ ပြီးရင် လိပ်လိုက်ပါ။ ဓားလေးနဲ့ လှီးလိုက်ရင် လှလှပပလေးဖြစ်လာပါတယ်။

ဝက်ပေါင်ခြောက်နဲ့ အသားညှပ်ပေါင်မုန့်

ဝက်ပေါက်ခြောက်လေးကို ပုံမှာပြထားသလိုလေး ဖျာယက်သလို လေး ထားလိုက်ပြီး ကြော်လိုက်ပါ။

ပြီးရင် ပေါင်မုန့်ပေါ်မှာ ကြက်ဥကြော်၊ ဆလပ်ရွက်နဲ့ ခရမ်းချဉ်သီးတို့ကို တင်ပေးလိုက်ပြီးမှ ၀က်ပေါင်ခြောက်ကြော်ကို ထားလိုက်ပါ။

ချောကလပ် ကီဝီသီး

ကီဝီသီးနဲ့ ချောကလပ်ကြိုက်နှစ်သက်တယ်ဆိုရင် ဒီလိုနည်းနဲ့ လုပ်စားလို့ရတယ်နော်။

အရင်ဆုံး ကီဝီသီးကို ရေခဲချောင်းတုတ်မှာထိုးလိုက်ပြီး ချောကလပ်အရည်ကို သုတ်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ခဲလိုက်ပါ။ ဒါဆိုရင် အရသာရှိတဲ့ ချောကလပ်အုံထားတဲ့ ကီဝီသီးရေခဲချောင်းကို ရရှိမှာပါ။