လူတွေဟာ တစ်ခါတရံမှာ ကူကယ်ရာမဲ့သလို ခံစားကြရပါတယ်။ ငါ့နားမှာ တစ်ယောက်မှ မရှိတော့ဘူး၊ ငါ့ကို ဘယ်သူမှ ဂရုမစိုက်တော့ဘူး၊ ငါလုပ်တာတွေ မအောင်မြင်နိုင်တော့ဘူး စသည်ဖြင့် အကြောင်းမျိုးစုံနဲ့ စိတ်ထဲ မတင်မကျ၊ ဘဝင်မကျ၊ အားငယ်သလိုမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုတွေ ခံစားနေရတယ်ဆိုရင်တော့ အချို့အစားအစာတွေဟာ မစားသင့်ပါဘူး။
အချို့တွေက စိတ်ညစ်တဲ့အခါ တွေ့ရာမြင်ရာတွေစားပြီး သက်သာသွားတယ်လို့ ပြောကြပါတယ်။ ရာခိုင်နှုန်းအနည်းငယ်သာ အလုပ်ဖြစ်ပါလိမ့်မယ်။ အကောင်းဆုံးကတော့ မစားသင့်တဲ့ အစားအစာတွေကိုတော့ ရှောင်လိုက်တာ အကောင်းဆုံး နည်းလမ်းပါ။
ရေခဲမုန့်နဲ့ ချောကလက်
Source: The Little Epicurean
စိတ်ညစ်၊ စိတ်ဓာတ်ကျတဲ့အခါ ရေခဲမုန့်နဲ့ ချောကလက်လိုမျိုး အချိုတွေကို ရှောင်သင့်ပါတယ်။ သကြားဓာတ် ပမာဏ များပြားပြီး စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေကို ပိုပြီး ထွက်လာစေလို့ပါ။
ကော်ဖီ
Lattes, Mochas, Espressos လို ကော်ဖီမျိုးတွေဟာ အိပ်စက်ခြင်းကို နှောင့်ယှက်စေပြီး အိပ်မရတဲ့အ ခါ စိတ်ထဲက ဘဝင်မကျမှုတွေဟာ ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။
အသင့်စားလို့ရတဲ့ အစားအစာတွေ
အအေးဗူးတွေ၊ ဘီစကစ်၊ ဟန်ဘာဂါ အစရှိတဲ့ အစားအစာတွေဟာ ဆိုဒီယမ် ပါဝင်မှု မြင့်မားပြီး အဆီပါဝင်လည်း များပါတယ်။ အာဟာရတန်ဖိုး ပါဝင်မှု နည်းတဲ့ အတွက် စိတ်ဖိစီးမှုကို ပိုပြီး ဖြစ်ပေါ်စေနိုင်ပါတယ်။
ကြော်ထားတဲ့ အစားအစာတွေ
ကြက်ကြော်၊ အာလူးကြော်လို အစားအစာတွေဟာ အဆီဓာတ်ကို မြင့်မားစွာ ပေးပြီး စိတ်ဖိစီးမှုကို ပိုပြီး ဖြစ်ပေါ်စေတတ်ပါတယ်။
Credit: zeenews