Detox Water ဆိုတာ သာမန်သောက်နေကျ ရေပါဘဲ။ ဒါပေမယ့် အဲ့ဒီရေမှာ သဘာ၀ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ ဆေးဘက်ဝင်အပင်တွေစိမ်ထားတာဖြစ်ပါတယ်။

ဒီလို စိမ်ထားတာကြောင့် ရေမှာ တခြား အာဟာရဓာတ်တွေပါပါဝင်လာတာပါ။ Detox Water ကခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပြီး အားအင်တွေပိုရှိလာကာ အဆီကိုလောင်ကျွမ်းစေဖို့ သောက်သုံးကြတာများပါတယ်။

ဒါ့ကြောင့် ဝမ်းဗိုက်က အဆီတွေကို လောင်ကျွမ်းပြီး ကျစေမယ့် Detox Water တချို့ကို ဝေမျှချင်ပါတယ်။

စတော်ဘယ်ရီ နဲ့ လိမ္မော်သီး Detox Water

စတော်ဘယ်ရီ နဲ့ လိမ္မော်သီး Detox Water က အဆီတွေ လောင်ကျွမ်းရာမှာ အကောင်းဆုံးဖြစ်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

စတော်ဘယ်ရီက အဆီတွေကို လောင်ကျွမ်းရာမှာ ကူညီပေးနိုင်ပြီး သံပုရာသီးကလည်း အဆိပ်အတောက်တွေဖယ်ရှားရာမှာ ကူညီပေးနိုင်ပါတယ်။

အရသာလည်း ကောင်းမွန်ပြီး ဆယ်ကျော်သက်တွေလည်း ကြိုက်နှစ်သက်မယ့် Detox Water တစ်မျိုးပါ။

ပန်းသီး စိမ်းနဲ့ ပူစီနံ Detox Water

ပန်းသီး စိမ်းနဲ့ပူစီနံမှာ ဝမ်းဗိုက်ကို ပြည့်စေတဲ့ ဓာတ်တွေပါဝင်တာကြောင့် ဒီ Detox Water သောက်ထားရင် အလွယ်တကူ ဗိုက်ပြန်ဆာတော့မှာမဟုတ်ပါဘူး။

ကီဝီသီး၊ သခွားသီး နဲ့ ပူစီနံ Detox Water

ကီဝီသီး၊ သခွားသီး နဲ့ပူစီနံတို့က ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ဝမ်းဗိုက်က အဆီတွေကို လောင်ကျွမ်းစေပါတယ်။

သခွားသီးမှာပါဝင်တဲ့ ဗီတာမင်စီက ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ကီဝီသီးက ဝမ်းဗိုက်ဖောင်းတာတွေကို လျော့ကျစေပါတယ်။