ဆီးချိုသမားတွေအတွက်ကတော့ ကျွဲကောသီးဟာ သွေးတွင်းအချိုဓါတ်ကို ကူညီလျှော့ချပေးနိုင်တဲ့အသီးပါ။ အစားစားချင်စိတ်ကို လျော့နည်းစေတဲ့ အင်ဆူလင်ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးပါတယ်။ အစားစားချင်စိတ် ဖြစ်ပေါ်လာတဲ့အခါမှာလည်း ကစီဓါတ်စားချင်စိတ်ကို လျော့နည်းစေလို့ သွေးတွင်း အချိုဓါတ်ဖြစ်ပေါ်မှုကို လျော့ပါးစေပါတယ်။

Source: gastronom.ru

ဒါကြောင့်ပဲ ဝတဲ့သူတွေအတွက်လည်း ကျွဲကောသီးက ဝိတ်ကျဖို့ အထောက်အကူပြုစေပါတယ်။ သွေးတွင်းအချိုဓါတ်ကို လျှော့ချပေးတဲ့အပြင် သွေးတွင်း ကိုလက်စထရော (Cholesterol) ကို လျှော့ချပေးလို့ သွေးတိုးနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်ပွားနိုင်မှုကို နိမ့်ကျစေပါတယ်။ ကျွဲကောသီးမှာပါဝင်တဲ့ Vitamin C နဲ့ Potassium က ကိုယ်ခန္ဓာတွင်းရှိမကောင်းတဲ့ဓါတ်တွေကို ဆီးအဖြစ် စွန့်ထုတ်ရာမှာလည်း အကူအညီပေးပါတယ်။

Source: Pixabay

ဆီးချိုသမားတွေဖြစ်လေ့ရှိတဲ့ နာဗ်ကြောနဲ့ ဆိုင်တဲ့ပြဿနာတွေကိုလည်း ကျွဲကောသီးက ကူညီပေးနိုင်ပါတယ်။ ကျွဲကောသီးမှာပါတဲ့ potassium က ကြွက်သားတွေကို တင်းတင်းရင်းရင်းဖြစ်စေလို့ ဆီးချိုကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်တွဲကျတာတွေကို လျော့နည်းစေပါတယ်။ ကျွဲကောသီးမှာပါဝင်တဲ့ Flavonoids ဓါတ်ကလည်း ပန်ကရိယာ၊ ရင်သား၊ အူစတဲ့နေရာတွေမှာ ကင်ဆာဆဲလ်နဲ့ အကျိတ်တွေမဖြစ်စေဖို့ ကူညီပေးပါတယ်။

Source: wikiHow

ဆီးချိုရှိတဲ့သူတွေဟာ ချူချာကြပါတယ်။ဘာလို့လဲဆိုတော့ သူ့တို့ရဲ့ခန္ဓာကိုယ်ဟာ လိုအပ်တဲ့အာဟာရဓါတ်တွေကို သေသေချာချာမစုပ်ယူနိုင်တဲ့အတွက်ပါ။ ဒီပြဿနာအတွက်လည်း ကျွဲကောသီးက ကိုယ်ခံအားကို ဖြည့်တင်းပေးခြင်းဖြင့် ဖြေရှင်းပေးပါတယ်။