ဆီးချိုရောဂါဟာ ဒီကနေ့ခေတ်မှာ အဓိကအဖြစ်များတဲ့ ခန္ဓာကိုယ်အတွင်းမှာလိုအပ်တဲ့ အင်ဆူလင် (Insulin) ဟော်မုန်းတွေကို သရက်ရွက်က အလုံအလောက် ထုတ်မပေးနိုင်တာကြောင့် သွေးတွင်းမှာ Glucose (ဂလူးဂို့စ်) ပါဝင်မှုများရတာဖြစ်ပါတယ်။
သွေးတွင်း ဂလူးဂို့စ်ပါဝင်မှုကို ထိန်းညှိပေးနိုင်တဲ့ အင်ဆူလင်ပမာဏ အလုံအလာက်မထုတ်ပေးနိုင်တာကြောင့်လည်း ဆီးချိုရောဂါဖြစ်ပွားရတာပါ။ အင်ဆူလင်ဟာ သွေးတွင်းသကြားဓါတ်ကို ပုံမှန်အတိုင်းဖြစ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီကနေ့ထိ ဆီးချိုရောဂါကို အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးဝါးကို မတွေ့ရှိသေးပေမဲ့ ဆီးချိုကို ထိန်းညှိပြီး ပုံမှန်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ပါတယ်။
ဆီးချိဖြစ်ရင်အစားအသောက်၊ အနေအထိုင် အထူးဂရုစိုက်ဖို့လိုပါတယ်။
ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ဖို့ သဘာဝကုထုံးတွေကို အသုံးပြုပေးဖို့ အကြံပြုလိုပါတယ်။
ပါဝင်ပစ္စည်း
အမြစ်ပါတဲ့ ကြက်သွန်မြိတ်
ရေသန့် ၂ လီတာ
ပြင်ဆင်ခြင်း
ကြက်သွန်မြိတ်ကို ရေစင်စင်ဆေးပါ။ ပြီးရင် ကြက်သွန်မြိတ်ကို ရေသန့် ၂ လီတာထည့်ထားတဲ့ ဘူးထဲထည့်ပြီး ၂၄ နာရီထားပါ။ နောက်တစ်နေ့မှာ အဲဒီရေကို ကိုယ်သောက်မဲ့ သာမန်ရေနေရာမှာ အစားထိုးသောက်ပေးပါ။
နောက်တစ်နေ့အတွက်လည်း အဲဒီလိုပြင်ဆင်ပေးပါ။