[Unicode]

ဆီးချိုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်ပြီး အစားရှောင်ရတဲ့ စိတ်ပျက်စရာ ရောဂါတစ်မျိုးပါ။ ဆီးချိုမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ Healthy Eating ကို ကျင့်ပြီး စားလို့ရသလို အချို့အစားအစာတွေကလည်း ဆီးချိုမတက်အောင် ထိန်းပေးနိုင်တဲ့ အစွမ်းတွေရှိပါတယ်။

၁။ အစားအစာကို အချိုးညီစွာ စားကြမယ်

diabetic-diet-tips-have-coffee

မြန်မာလူမျိုးတွေရဲ့ အဓိက အစားအစာဟာ ထမင်းဖြစ်ပါတယ်။ ကျွန်မတို့ဟာ ထမင်းကို မစားရရင် မနေနိုင်တဲ့ လူတွေပါ။ ကာဗွန်ဟိုက်ဒရိတ်တွေ အရမ်းများတဲ့ အခါ ဆီးချိုတက်စေတဲ့ အကြောင်းတစ်ခု ဖြစ်လာပါတယ်။ ဒါ့ကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာကို အချိုးညီစေဖို့ ပြန်ပြီး ပြင်ဆင်ရပါမယ်။ ကနေဒါ ဆီးချိုကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တစ်နေ့မှာ အသီးအရွက် ၂မျိုး အနည်းဆုံး စားပေးမှာဖြစ်ပြီး ထမင်း၊ ဂျုံနဲ့ အသားတွေကို တလှည့်စီ စားပေးရမယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ကြက်ဥလို ပဲပြားလို အရာတွေလည်းပါပါတယ်။

၂။ ကော်ဖီသောက်ပါ

diabetic-diet-tips-balanced-diet-1024x683

ကော်ဖီလို့ ဆိုတာနဲ့ အသင့်ဖျော် အထုပ်တွေကို ပြေးမြင်ကြပါတယ်။ မဟုတ်ပါဘူး။ ကော်ဖီမှုန့်ကနေ ရတဲ့ ကော်ဖီစစ်စစ်ကို ပြောတာပါ။ ဒီလို ကော်ဖီကို သောက်ခြင်းဟာ  ဆီးချိုဖြစ်ပွားမှုကို လျှော့ချစေနိုင်ပါတယ်။ တစ်နေ့ကို ၂ ခွက်အပြင် ပိုမသောက်သင့်ပါဘူး။

၃။ ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် အဆီစားပါ

အဆီစားပါလို့ ပြောခြင်းဟာ ကြက်ကြော်တစ်ခြမ်းလုံး စားခိုင်းတာ မဟုတ်သလို ဆီပြန်ဟင်းတွေ စားခိုင်းတာ မဟုတ်ပါဘူး။ ဓာတ်တိုးတွေ မပါဝင်တဲ့ ကျန်းမာတဲ့ အဆီတွေကို စားပေးရမှာပါ။ အစေ့အဆန်ကနေ ရတဲ့ အဆီနဲ့ ငါးတွေကနေ ရတဲ့ အဆီဟာ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးပါပဲ။ ငါးများများ စားခြင်းဟာ ဆီးချိုတင်မကဘဲ အခြား ရောဂါတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Featured Image Source: Daily Express

[Zawgyi]

ဆီးခ်ိဳဟာ တစ္ကမာၻလံုး အတိုင္းအတာနဲ႔ အျဖစ္အမ်ားဆံုး ေရာဂါတစ္ခု ျဖစ္ၿပီး အစားေရွာင္ရတဲ့ စိတ္ပ်က္စရာ ေရာဂါတစ္မ်ိဳးပါ။ ဆီးခ်ိဳမျဖစ္ေအာင္ ကာကြယ္တဲ့အေနနဲ႔ Healthy Eating ကို က်င့္ၿပီး စားလို႔ရသလို အခ်ိဳ႕အစားအစာေတြကလည္း ဆီးခ်ိဳမတက္ေအာင္ ထိန္းေပးႏုိင္တဲ့ အစြမ္းေတြရွိပါတယ္။

၁။ အစားအစာကို အခ်ိဳးညီစြာ စားၾကမယ္

diabetic-diet-tips-have-coffee

ျမန္မာလူမ်ိဳးေတြရဲ႕ အဓိက အစားအစာဟာ ထမင္းျဖစ္ပါတယ္။ ကြ်န္မတို႔ဟာ ထမင္းကို မစားရရင္ မေနႏုိင္တဲ့ လူေတြပါ။ ကာဗြန္ဟိုက္ဒရိတ္ေတြ အရမ္းမ်ားတဲ့ အခါ ဆီးခ်ိဳတက္ေစတဲ့ အေၾကာင္းတစ္ခု ျဖစ္လာပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္စားသံုးတဲ့ အစားအစာကို အခ်ိဳးညီေစဖို႔ ျပန္ၿပီး ျပင္ဆင္ရပါမယ္။ ကေနဒါ ဆီးခ်ိဳကာကြယ္ေရးအဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္အရ တစ္ေန႔မွာ အသီးအရြက္ ၂မ်ိဳး အနည္းဆံုး စားေပးမွာျဖစ္ၿပီး ထမင္း၊ ဂ်ံဳနဲ႔ အသားေတြကို တလွည့္စီ စားေပးရမယ္လို႔ ဆိုပါတယ္။ ဒီထဲမွာ ၾကက္ဥလို ပဲျပားလို အရာေတြလည္းပါပါတယ္။

၂။ ေကာ္ဖီေသာက္ပါ

diabetic-diet-tips-balanced-diet-1024x683

ေကာ္ဖီလို႔ ဆိုတာနဲ႔ အသင့္ေဖ်ာ္ အထုပ္ေတြကို ေျပးျမင္ၾကပါတယ္။ မဟုတ္ပါဘူး။ ေကာ္ဖီမႈန္႔ကေန ရတဲ့ ေကာ္ဖီစစ္စစ္ကို ေျပာတာပါ။ ဒီလို ေကာ္ဖီကို ေသာက္ျခင္းဟာ  ဆီးခ်ိဳျဖစ္ပြားမႈကို ေလွ်ာ့ခ်ေစႏုိင္ပါတယ္။ တစ္ေန႔ကို ၂ ခြက္အျပင္ ပိုမေသာက္သင့္ပါဘူး။

၃။ က်န္းမာေရးနဲ႔ ညီညႊတ္ေစမယ့္ အဆီစားပါ

အဆီစားပါလို႔ ေျပာျခင္းဟာ ၾကက္ေၾကာ္တစ္ျခမ္းလံုး စားခုိင္းတာ မဟုတ္သလို ဆီျပန္ဟင္းေတြ စားခုိင္းတာ မဟုတ္ပါဘူး။ ဓာတ္တိုးေတြ မပါ၀င္တဲ့ က်န္းမာတဲ့ အဆီေတြကို စားေပးရမွာပါ။ အေစ့အဆန္ကေန ရတဲ့ အဆီနဲ႔ ငါးေတြကေန ရတဲ့ အဆီဟာ က်န္းမာေရးနဲ႔ အညီညႊတ္ဆံုးပါပဲ။ ငါးမ်ားမ်ား စားျခင္းဟာ ဆီးခ်ိဳတင္မကဘဲ အျခား ေရာဂါေတြ မ၀င္ေရာက္ႏုိင္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။

Featured Image Source: Daily Express