Selenium ဓာတ်က သဘာဝ အစားအစာတွေကနေပဲ ရရှိနိုင်ပြီး ဇီဝဗေဒနဲ့ ဇီဝကမ္မဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် အရေးကြီးပါတယ်။

Selenium ဓာတ်လုံလောက်စွာ ရရှိနေရင် မျိုးဆက်ပွားကျန်းမာရေး၊ သွိုင်းရွိုက် ဟော်မှုန်းကို ထိန်းညှိကာကွယ်ပေးပြီး၊ ရောဂါပိုးဝင်ရောက်တာကို ကာကွယ်ပေး၊ ကိုယ်ခံအားကောင်းစေပြီး နှလုံးရောဂါနဲ့ကင်ဆာရောဂါတို့ကိုလည်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဘယ်လို အစားအစာတွေကနေ Selenium ဓာတ်ကို ရရှိမလဲ

မှိုအမျိုးမျိုး

Selenium ဓာတ်က စားသုံးနိုင်တဲ့ မှိုအမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။

ပင်လယ်စာများ

လတ်ဆတ်တဲ့ ပင်လယ်စာတွေမှာ သတ္တုဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဆိုဒီယမ်၊ Phosphorus၊ ကော့ပါးဓာတ်၊ ဇန့် ဓာတ်၊ အိုင်အိုဒင်းဓာတ်နဲ့ Selenium ဓာတ်တွေအများကြီးပါဝင်နေပါတယ်။

အမဲသား

မာတဲ့ အသားတွေကို နူးအောင် ဘယ်လိုချက်မလဲ။

Selenium ဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ နောက်အသားတစ်မျိုးကတော့ အမဲသားဖြစ်ပါတယ်။ သုတေသနပြုလုပ်မှုတွေအရ အမဲသားမှာပါဝင်တဲ့ Selenium ဓာတ်က အများဆုံးနဲ့ အကောင်းဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။

နေကြာစေ့

နေကြာစေ့မှာ ဗီတာမင် B၊ မဂ္ဂနီဆီယမ်၊ Phosphorus ၊ ကော့ပါး၊ ဗီတာမင် E နဲ့ Selenium ဓာတ်တို့ပါဝင်ပါတယ်။

100 g ရှိတဲ့ နေကြာစေ့မှာ Selenium 53 mcg ပါဝင်ပါတယ်။

နေကြာစေ့တွေမှာ ကိုလက်စထရော ပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆာပြေစာဖြစ်ပါတယ်။