တချို့အစားအစာတွေက စားတဲ့နေရာမှာတင်အသုံးပြုတာမဟုတ်ဘဲ တခြားနေရာတွေမှာလည်း အသုံးပြုလို့ရပါတယ်။

အုတ်ဂျုံ (Oatmeal)

ဒီမှာတော့ ကွေကာအုပ် လို့အလွယ်တကူ သိကြပါတယ်။ ဒါပေမယ့် ကွေကာအုပ်က အုတ်ဂျုံအစစ်တော့မဟုတ်ပါဘူး။ Oatmeal အုတ်ဂျုံကို ဝက်ခြံ၊ အပူလောင်ဒဏ်တွေ၊ အရေပြားက ဆဲလ်အသေတွေ ဖယ်ရှားရာတို့မှာလည်း သုတ်လိမ်းရပါတယ်။

ခရမ်းချဉ်သီးဆော့စ် (Ketchup)

ခရမ်းချဉ်သီး ဆော့စ် (Ketchup)ကို ဟမ်ဘာဂါတွေ၊ Hot Dogs တွေမှာ အသုံးများကြပါတယ်။ သတ္တုအိုးတွေမှာကပ်နေတဲ့ ကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အလွယ်တကူ ချွတ်လို့မရတဲ့ ကြေးတွေကို ခရမ်းချဉ်သီးဆော့စ် (Ketchup) ကိုသုတ်ပြီး အဝတ်ကြမ်းကြမ်းနဲ့ ပွတ်လိုက်ပါ။ ဒါဆိုရင် ကွာကျသွားပါလိမ့်မယ်။

လိမ္မော်သီး အခွံ

Camp တွေဘာတွေ သွားလို့ မီးဖိုဖို့ခက်ခဲနေရင် လိမ္မော်သီးအခွံနဲ့ မီးဖိုလို့ရပါတယ်။ လိမ္မော်သီးအခွံခြောက်တွေကို စုပုံလိုက်ပြီး လောင်စာအဖြစ်အသုံးပြုလို့ရပါတယ်။

ဆား

သင့်အင်္ကျီအပေါ်ကို ဝိုင်အနီတွေ မှောက်ကျသွားပါသလား။ စိတ်မပူပါနဲ့။ ဆားနဲ့ အရောင်ပြန်ချွတ်လို့ရပါတယ်။

အစွန်းအထင်းနေရာကို ဆားပုံလိုက်ပါ။ ပြီးရင် မိနစ်အနည်းငယ်လောက်ထားလိုက်ပါ။ ရေနွေးပူပူကို အဲ့ဒီအစွန်းအထင်းအပေါ် လောင်းချလိုက်ပါ။ ဒါဆိုရင် အစွန်းအထင်းတွေ ပြောင်သွားပါလိမ့်မယ်။

သံလွင်ဆီ

အိမ်မှာ မုတ်ဆိပ်မွေးရိတ်ရာမှာသုံးတဲ့ Cream ကုန်သွားပြီလား။ သံလွင်ဆီကို သုံးလို့ရပါတယ်။ သံလွင်ဆီက ရိတ်ရာမှာ ချောမွတ်စေပြီး အသားအရေကို စိုစွတ်နေအောင် ကူညီပေးပါတယ်။

သံပုရာသီး

သံပုရာသီးတွေက အင်္ကျီအဖြူကို ပိုဖြူစေပါတယ်။

ဒိန်ချဉ်

နေလောင်တဲ့နေရာမှာ ဒိန်ချဉ်ကို လိမ်းပေးလိုက်ပါ။ ဒါဆိုရင် နေလောင်တဲ့ နာကျင်မှုကိုလည်းသက်သာစေသလို နေလောင်တာကိုလည်း ပျောက်စေပါတယ်။