အသည်းနဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် ကောင်းမွန်

ပူစီနံက အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကူညီထောက်ပံ့ပေးပါတယ်။ အဲ့ဒီအပြင် အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းပျက်ဝမ်းလျှော တို့ကိုလည်း ကာကွယ်ပေးပါတယ်။

သွေးလည်ပတ်မှုကို အားကောင်းစေ

ပူစီနံမှာ Eugenol နဲ့ Rosmarinic အက်ဆစ်တွေပါဝင်တာကြောင့် သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။ ဒါ့ကြောင့် သွေးလည်ပတ်မှု မကောင်းတာကြောင့် ခေါင်းကိုက်တာမျိုးကိုလည်း ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် ဆဲလ်တွေဆီကိုလည်း အောက်စီဂျင် ပိုရောက်အောင်ကူညီပေးပါတယ်။

အသက်ရှူစနစ်ကို မြှင့်တင်ပေး

ဒီအစားအစာတွေ စားသုံးရင် သင့်ခန္ဓာကိုယ်ကသင့်ကို ကျေးဇူးတင်နေပါလိမ့်မယ်

Menthol ပါဝင်တာကြောင့် နှာခေါင်းထဲမှာ ပိတ်နေတာတွေကို ဖယ်ရှားပေးပြီး ချွေးထွက်အောင်ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် တုပ်ကွေး တို့ ဖျားနာတို့ဖြစ်နေချိန်မှာ သောက်သုံးသင့်ပါတယ်။ အဲ့ဒီအပြင် ခံတွင်းအနံ့နံခြင်း တို့ကိုလည်း ပျောက်ကင်းစေပါတယ်။

ပူစီနံ ရေနွေးကြမ်း ပြုလုပ်နည်း

ပူစီနံ အစိမ်းရွက် ၆ ရွက်

ရေ 125 ml

ပြုလုပ်နည်း

ရေကို အိုးထဲမှာတည်လိုက်ပြီးနောက် ပူစီနံရွက်ကိုထည့်လိုက်ပါ။ ရေဆူလာရင် အိုးကို မီးဖိုကနေ ချလိုက်ပါ။ ခဏထားထားလိုက်ပါ။ နွေးနေတဲ့အချိန်သောက်ရင် ပိုအာနိသင်ရှိပါတယ်။

ပူစီနံရေနွေးကြမ်းကို သောက်သုံးရင်

Photo Credit: Step to Health