ငှက်ပျောသီး စားရင် ဝိတ်တက်စေမယ်လို့ ထင်နေသူတွေ အများကြီး ရှိပါလိမ့်မယ်။ ကယ်လိုရီပါဝင်မှု များတယ်ဆိုပြီး မစားကြတဲ့ လူတွေလည်း ရှိကြပါတယ်။ တကယ်တော့ ဘယ်အသီးအနှံမဆို ဒီအတိုင်း စားမယ်ဆိုရင်တော့ ဝိတ်မတက်စေပါဘူး။ သူ့ကို တခြား နို့တွေ ခရင်မ်တွေနဲ့ စားလို့သာ ဝိတ်တက်စေတာပါ။

တကယ်လို့များ တစ်နေ့ကို ငှက်ပျောသီး ၃လုံး စားမယ်ဆိုရင်ရော သင့်ရဲ့ ကျန်းမာရေး အတွက်တင်မက အလေးချိန် ထိန်းသိမ်းရာမှာလည်း အသုံးဝင်ပါသေးတယ်။ လေ့လာသူတွေကတော့ အင်္ဂလန်နဲ့ အီတလီမှာ စမ်းသပ်ချက်တွေ ပြုလုပ်ပြီး တွေ့ရှိချက်တစ်ခုကို ကြေငြာခဲ့ပါတယ်။ ငှက်ပျောသီးကို မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်နဲ့ ညတစ်ကြိမ် စားပေးခြင်းဖြင့် ကိုယ်တွင်း ပိုဆက်ဆီယမ် မြင့်မားစေပြီး ဦးနှောက်ထဲ သွေးခဲမှုကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ငှက်ပျောသီးမှာ ကိုလက်စထရော၊နဲ့ အဆီတွေ မပါဝင်တာကြောင့် လူကို မဝစေပါဘူး။ ဒါပေမယ့် ဒီအတိုင်း စားပေးဖို့တော့ လိုပါတယ်။ ငှက်ပျောသီးကို မနက်ခင်းမှာ စားပေးခြင်းဖြင့် ကုန်ခန်းနေတဲ့ စွမ်းအင်တွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးပြီး အားကစားသမားတွေ အတွက်ကတော့ မရှိမဖြစ် ဆေးတစ်မျိုးပါ။ အမျှင်ဓာတ်တွေ များစွာ ပါဝင်တဲ့ အတွက် ဝမ်းမှန်စေပြီး ကိုယ်တွင်း အဆီတွေကိုပါ လျော့ချပေးပါတယ်။ ပိုတက်ဆီယမ်ဟာ သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေတဲ့ အတွက် အမျိုးသမီးတို့ လစဉ်ခံစားရတဲ့ ဝေဒနာတစ်ချိုု့ကိုပါ သက်သာစေပါတယ်။

သွေးအားကောင်းစေပြီး ဗီတာမင် b6 ပါဝင်တဲ့အတွက် ပရိုတင်းဓာတ်တွေ တိုးပွားဖို့နဲ့ အာရုံကြောဆဲလ်တွေ ရှင်သန်ဖို့ အားပေးပါတယ်။ နေ့လည်ဘက် အစာ တစ်ခုခု စားပြီးလို့ ငှက်ပျောသီးစားမယ်ဆိုရင်လည်း အစာကျေစေပြီး စိတ်ကိုပါ လန်းဆန်းစေပါတယ်။ ညဘက်မှာ စားမယ်ဆိုရင်တော့ ကောင်းမွန်စွာ အိပ်စက်နိုင်ပြီး အသားအရေတွေကိုလည်း နုပျိုစေပါတယ်။

ငှက်ပျောသီးကြိုက်တဲ့သူတွေ အံ့သြသွားစေမယ့် ငှက်ပျောသီးရဲ့ အကျိုးကျေးဇူး(၁၀) ချက်

ဝိတ်ထိန်းနေသူတွေ အဓိက သတိထားရမှာက ငှက်ပျောသီးကို ဗိုက်ထဲ အစာမရှိချိန်တွေမှာ မစားဖို့ပါပဲ။ အစာမရှိဘဲ စားလိုက်ရင် ပုံမှန်အစာတွေ ပြန်စားချိန်မှာ ကယ်လိုဓာတ် လွန်ကဲစေပြီး ပိုပြီး ဝစေတတ်ပါတယ်။ အစာ စားပြီးချိန်တိုင်းမှာ စားပေးပါမှ မလိုအပ်တဲ့ ဓာတ်တွေကို လောင်ကျွမ်းစေပြီး ပိန်စေမှာပါ။ အစာမရှိတဲ့ အချိန် ငှက်ပျောသီး စားခြင်းဟာ ရုတ်တရက် နှလုံးခုန်ရပ်တန့်ခြင်းကို ဖြစ်စေတတ်ပါတယ်။ သွေးထဲမှာ ရှိတဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ရုတ်တရက် မြင့်တက်ပြီး သွေးလည်ပတ်မှုကို မြန်သွားစေတဲ့ အတွက်ကြောင့်ပါ။

Credit: dailyhealthpost