အစာလည်းဆေး ဆေးလည်းအစာလို့ အများကဆိုတတ်ကြပါတယ်၊။ ဒါပေမယ့် အစားတိုင်းက ကျန်းမာရေးနဲ့ညီညွတ်တယ် ကောင်းကျိုးဘဲပေးတယ်လို့ ဆိုလို့မရပါဘူး။ အစားအသောက်တိုင်းမှာ ဘေးထွက်ဆိုးကျိုး အမျိုးမျိုးရှိပါတယ်။ တချို့က ကောင်းတယ်၊ တချို့က မကောင်းဘူး၊ တစ်ချို့က ထူးဆန်းတယ်။

ဒါတွေကတော့ သင့်အတွက် အလွန်ထူးဆန်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတဲ့ အဖြစ်အများဆုံး အစားအစာတွေပါ။

ပဲပိစပ်

သုတေသနအမျိုးမျိုးအရ ပဲပိစပ်စားတဲ့ အမျိုးသားတွေမှာ Isoflavones—အပင်ဒြပ်ပေါင်းတွေကြောင့် မစားတဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် သုက်ပိုးအရေအတွက် ထက်ဝက်လောက်လျော့နေတတ်ပါတယ်။

Shiitake

မှိုထဲမှာရှိတဲ့ ဒြပ်ပေါင်းဟာ အပူကြောင့် ကွဲသွားတဲ့အခါ အချို့လူတွေမှာ  ပြင်းထန်တဲ့ အနီရောင်အဖုများကို ဖြစ်စေနိုင်ပါတယ်။

Hot Sauce

Hot Sauce ကြိုက်တတ်ရင် ညဘက် အိပ်ခါနီးစားတာမျိုး ရှောင်ပါ။ Hot Sauce တွေက  အိပ်တဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေတာကြောင့်  အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။

ပိုးစာ

မမှည့်သေးတဲ့ပိုးစာတွေမှာ hallucinogenic ဂုဏ်သတ္တိတွေပါတာကြောင့် အလွန်အကျွံစားမိရင် ဝမ်းပျက်ဝမ်းလျောတာတွေ ဖြစ်နိုင်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ ကာရိုတင်းပါဝင်ပြီး မုန်လာဥနီရဲ့လိမ္မော်ရောင်ကို ပေးစွမ်းတဲ့ ရောင်ခြယ်ပစ္စည်းလည်း ပါဝင်ပါတယ်။ မုန်လာဥနီတွေ အများကြီးစားတဲ့အခါ အသားအရေအရောင်ကို လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားစေပါတယ်။