အရောင်တောက်သည့် လိမ္မော်ရောင်ရှိသည့် မုန်လာဥနီမှာ အာဟာရဓာတ်တွေအများကြီးပါဝင်တာ သင်သိပါသလား။
မုန်လာဥနီတွေကို အစိမ်းလည်းစားလို့ရသလို၊ ဖျော်ရည်ဖျော်သောက်တာ သို့ ကြော်စားလည်း ရပါတယ်။
သတ္တုဓာတ်၊ Antioxidants ၊ အမျှင်ဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေး၊ အရေပြားနှင့် ဆံသားကိုလည်း ကောင်းမွန်စေပါတယ်။
သုတေသနများအရ မုန်လာဥနီမှာ Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို ကျဆင်းစေပါတယ်။
အဆုတ်ကင်ဆာ
ဆေးလိပ်သောက်တတ်သူတွေဟာ တစ်ပတ်ကို တစ်ခါလောက် မုန်လာဥနီ၁လုံး ကြီးကြီးကို စားသုံးပေးလျှင် မစားသုံးသူတွေထက် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေ ၃၃ ရာခိုင်နှုန်းလျော့ကျစေပါတယ်။
အူမကြီး ကင်ဆာ
Beta-Carotene ဓာတ်ကြွယ်ဝသည့် မုန်လာဥနီကိုပုံမှန်စားပေးရင် အူမကြီး ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။
သွေးကင်ဆာ
၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ မုန်လာဥနီဖျော်ရည်ဟာ ကင်ဆာဆဲလ်တွေကို ဖယ်ရှားပေးပြီး သွေးကင်ဆာကို အဓိက ကာကွယ်ပေးပါတယ်။
ဆီးကျိတ်ကင်ဆာ
ဟားဗတ် တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ သုတေသနများအရ Beta-Carotene ဓာတ်ကြွယ်ဝသည့် အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေနည်းပါးတာကို တွေ့ခဲ့ရပါတယ်။