လိမ္မော်ရောင်တောက်တောက်ပိုင်ဆိုင်ထားတဲ့ မုန်လာဥနီက အာဟာရဓာတ်များ ပြည့်ဝစုံလင်စွာပါဝင်တယ်ဆိုတာကို သင် သိပြီးပါပြီလား။ မုန်လာဥနီကို ဖျော်ရည်ပဲ ဖျော်သောက်သောက်၊ အသုပ်ပဲ သုပ်စားစား အရသာ အင်မတန်ရှိပါတယ်။

မုန်လာဥနီထဲမှာပါဝင်တဲ့ သတ္တုဓာတ်များ၊ Antioxidants များ၊ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်များက ကျန်းမာရေးကောင်းမွန်စေပြီး အသားအရေအလှအပအတွက်သာမက ဆံကေသာအလှအပအတွက်လည်း ကောင်းကျိုးပေးစွမ်းပါတယ်။

အာဟာရဓာတ်များ ကြွယ်ဝတဲ့ပါဝင်တဲ့ မုန်လာဥနီသောက်သုံးခြင်းက ကင်ဆာရောဂါများကို ကုသပေးနိုင်ပါတယ်။ မုန်လာဥနီဖျော်ရည်က ဘယ်လိုကင်ဆာရောဂါတွေအတွက် အစွမ်းထက်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အဆုတ်ကင်ဆာ

Source: irishtimes.com

ဆေးလိပ်သောက်သုံးသူများကို လေ့လာထားတဲ့ စမ်းသပ်လေ့လာချက်များအရ မုန်လာဥနီဖျော်ရည်သောက်သုံးသူက မသောက်သုံးတဲ့သူတွေထက် အဆုတ်ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို ၃၃ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

သုတ်ရည်ကလင်း ကင်ဆာ

Carrots for your Eyes

ဟားဗပ်တက္ကသိုလ်ရဲ့ကျန်းမာရေးငှာနက သုတေသီများရဲ့လေ့လာချက်အရ Beta-Carotene ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကို စားသုံးတဲ့ လူငယ်ယောကျာ်းလေးများက သုတ်ရည်ကလင်း ကင်ဆာ ခံစားရနိုင်ချေမှ ကာကွယ်ပေးထားနိုင်ပါတယ်။

အူမကြီးကင်ဆာ

Source: novanthealth.org

ဂျပန်လူမျိုး သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ မုန်လာဥနီမှာ Beta-Carotene ဓာတ်များ ပါဝင်ပြီး အူမကြီးကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးတယ်လို့ သိရှိရပါတယ်။

သွေးကင်ဆာ

၂၀၁၁ ခုနှစ်မှာ စမ်းသပ်ထားတဲ့ လေ့လာစမ်းသပ်ချက်အရ မုန်လာဥနီဖျော်ရည်က သွေးကင်ဆာရောဂါဖြစ်ပွားစေတဲ့ ကင်ဆာဆဲလ်များကို ဖယ်ရှားပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

Source: Stylecraze.com

Featured Image Source: juicing-for-health.com