လေဖြတ်တဲ့သူကို ၃ နာရီအတွင်းမှာ ဆေးကုသမှုခံယူနိုင်ရင် ပြန်ကောင်းဖို့ ရာခိုင်နှုန်းများတယ်လို့ ဆရာဝန်တွေက ဆိုကြပါတယ်။

ဒါပေမယ့် ကိုယ်ဘာဖြစ်နေလဲဆိုတာ ကြိုသိဖို့ ခက်ခဲပါတယ်။ ဒါကြောင့် လေမဖြတ်ခင်မှာ ကြိုပြီး သိရှိနိုင်တဲ့ ရှေ့ပြေး လက္ခဏာများကို ဝေမျှချင်ပါတယ်။

ရှေ့ပြေး လက္ခဏာများ

ဘယ်လက်မောင်း၊ ခြေထောက် နဲ့ ဘယ်ဘက်မျက်နှာခြမ်းမှာ ထုံကျင်နေတယ်။ ပစ္စည်းတွေ ကိုင်ရင် လွတ်လွတ်ကျတတ်တယ်။
စကားပြောဖို့ နည်းနည်းခက်လာသလို တခြားသူတွေ ဘာပြောလဲဆိုတာ နားလည်ဖို့ ခက်လာတယ်။
တချို့ သို့မဟုတ် လုံး၀ မလှုပ်နိုင်တော့ဘူး။
မျက်လုံး တစ်ဖက်သို့ ၂ ဖက်လုံး ကြည့်ရတာ မကောင်းတော့ဘူး။
ခေါင်းမူးတယ်၊ သတိမေ့သွားတယ်။

လေဖြတ်တာဟုတ်မဟုတ် သိနိုင်ဖို့

ပြုံးခိုင်းပါ။ (လေဖြတ်သွားတဲ့သူဆိုရင် မပြုံးနိုင်တော့ပါဘူး။)
ရိုးရှင်းတဲ့ စာကြောင်းကို ပြောခိုင်းပါ။ (ဥပမာ ဒီနေ့ ရာသီဥတု အခြေအနေကောင်းတယ်။ မပြောနိုင်ရင်တော့ လေဖြတ်သွားနိုင်တဲ့ ရာခိုင်နှုန်းများနေပါပြီ)
လက်နှစ်ဖက်လုံးကို မြှောက်ခိုင်းပါ။ (အကယ်၍ လေဖြတ်သွားရင် ဒီလို မလုပ်နိုင်ပါဘူး။)
လျှာထုတ်ခိုင်းပါ။ လျှာက လိပ်နေရင် ဒါမှမဟုတ် ဟိုဘက်ဒီဘက်ကပ်နေရင် လေဖြတ်နေတာဖြစ်နိုင်ပါတယ်။

လေဖြတ်နေရင် အရေးပေါ် လုပ်ဆောင်လေ့ရှိတာကတော့ ခြေ၁၀ချောင်း၊ လက် ၁၀ ချောင်းကို အပ်နဲ့ဖောက်ပြီး သွေးစွန်းစွန်းထွက်အောင်ညှစ်ထုတ်ပါ။ လေဖြတ်တာဟာ အများအားဖြင့် သွေးပေါင်ချိန်တက်တာကြောင့်ဖြစ်ပါတယ်။

ခြေနဲ့လက်သွေးဖောက်တာမှမသက်သာရင် နားရွက်နားမှာပါ ဖောက်ပြီး သွေးကို ညှစ်ထုတ်ပေးပါ။

ဒါကြောင့် သွေးထွက်ဖို့ နေရာ ဖန်တီးပေးနိုင်ရင် သွေးပေါင်ချိန် ပြန်ကျစေပြီး လေဖြတ်မှုအန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

ပြီးရင် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ ချက်ခြင်းသွားပြီး ဆေးကုသ ခံယူပါ။