[Unicode]

အစားအစာတွေ ကြမ်းပေါ် လွတ်ချသွားတဲ့ အချိန်တွေ ကြုံဖူးကြမှာပါ။ တစ်ခါတလေ ကောက်ပြီး စားလိုက်တာမျိုးတွေ ရှိသလို ကလေးငယ်တွေဆိုရင်လည်း ကောက်ပြီး စားတတ်ကြပါတယ်။ ကြမ်းပေါ်ကျသွားတဲ့ အစားအစာတွေဟာ စားဖို့အတွက် မသင့်တော်တော့ပါဘူး။ ကျသွားတဲ့ အစားအစာတွေဟာ စားဖို့အတွက် ၅စက္ကန့်အတွင်းဆိုရင်တော့ စိတ်ချရတဲ့ အနေအထားလို့ ပြောလို့ရကြောင်း သုတေသန တစ်ခုက ဆိုပါတယ်။

Source: UPI.com

၅စက္ကန့်အတွင်း စားလို့ရတယ်ဆိုတာက အစားအစာတွေ ကြမ်းပေါ်ချတာနဲ့ ချက်ချင်း ပြန်ယူစားရင် ရတယ်လို့ ဆိုလိုတာပါ။ ဘာကြောင့်လဲဆိုရင် ဘတ်တီးရီးယားတွေက ကြမ်းကနေ အစားအစာကို ကူးပြောင်းဖို့ အချိန်လိုအပ်ပါတယ်။ ၅စက္ကန့်ကျော်သွားရင်တော့ ဘတ်တီးရီးယားတွေ ရှိမရှိဆိုတာ မသေချာတော့ပါဘူးလို့ Donald Schaffner က ပြောထားပါတယ်။

eating-on-the-floor
ဘတ်တီးရီးယား ကူးပြောင်းသွားခြင်းဟာ ကြမ်းပြင်ရဲ့ အမျိုးအစားပေါ်မှာလည်း မူတည်ကြောင်း သိရပါတယ်။ ကြမ်းပြင်အမျိုးအစား၊ အစားအစာအမျိုးအစားနဲ့ ရှိနေနိုင်တဲ့ ဘတ်တီးရီးယားတွေ မတူတာကြောင့် ပြန်စားလို့ ရခြင်း မရခြင်းဟာ မသေချာပါဘူး။ ဘတ်တီးရီးယားတွေ ကူးလာတယ်ဆိုတာ အစိုဓာတ်ကနေ တဆင့် ကူးလာတာ ဖြစ်လို့  စိုစိစိ ဖြစ်နေတဲ့ အနေအထားတွေမှာဆိုရင်တော့ လုံး၀ မစားတာ ကောင်းပါတယ်။

Source: Hindustan Times

ဒါကြောင့် အစားအစာတွေ ပြုတ်ကျသွားရင် ပြန်ယူမစားတာ အကောင်းဆုံးဖြစ်ကြောင်း သုတေသနပညာရှင် Schaffner က သတိပေးထားပါတယ်။

Ref: zeenews

[Zawgyi]

အစားအစာေတြ ၾကမ္းေပၚ လြတ္ခ်သြားတဲ့ အခ်ိန္ေတြ ႀကံဳဖူးၾကမွာပါ။ တစ္ခါတေလ ေကာက္ၿပီး စားလိုက္တာမ်ိဳးေတြ ရွိသလို ကေလးငယ္ေတြဆိုရင္လည္း ေကာက္ၿပီး စားတတ္ၾကပါတယ္။ ၾကမ္းေပၚက်သြားတဲ့ အစားအစာေတြဟာ စားဖို႔အတြက္ မသင့္ေတာ္ေတာ့ပါဘူး။ က်သြားတဲ့ အစားအစာေတြဟာ စားဖို႔အတြက္ ၅စကၠန္႔အတြင္းဆိုရင္ေတာ့ စိတ္ခ်ရတဲ့ အေနအထားလို႔ ေျပာလို႔ရေၾကာင္း သုေတသန တစ္ခုက ဆိုပါတယ္။

Source: UPI.com

၅စကၠန္႔အတြင္း စားလို႔ရတယ္ဆိ္ုတာက အစားအစာေတြ ၾကမ္းေပၚခ်တာနဲ႔ ခ်က္ခ်င္း ျပန္ယူစားရင္ ရတယ္လို႔ ဆိုလိုတာပါ။ ဘာေၾကာင့္လဲဆိုရင္ ဘတ္တီးရီးယားေတြက ၾကမ္းကေန အစားအစာကို ကူးေျပာင္းဖို႔ အခ်ိန္လိုအပ္ပါတယ္။ ၅စကၠန္႔ေက်ာ္သြားရင္ေတာ့ ဘတ္တီးရီးယားေတြ ရွိမရွိဆိုတာ မေသခ်ာေတာ့ပါဘူးလို႔ Donald Schaffner က ေျပာထားပါတယ္။

eating-on-the-floor
ဘတ္တီးရီးယား ကူးေျပာင္းသြားျခင္းဟာ ၾကမ္းျပင္ရဲ႕ အမ်ိဳးအစားေပၚမွာလည္း မူတည္ေၾကာင္း သိရပါတယ္။ ၾကမ္းျပင္အမ်ိဳးအစား၊ အစားအစာအမ်ိဳးအစားနဲ႔ ရွိေနႏိုင္တဲ့ ဘတ္တီးရီးယားေတြ မတူတာေၾကာင့္ ျပန္စားလို႔ ရျခင္း မရျခင္းဟာ မေသခ်ာပါဘူး။ ဘတ္တီးရီးယားေတြ ကူးလာတယ္ဆိုတာ အစိုဓာတ္ကေန တဆင့္ ကူးလာတာ ျဖစ္လို႔  စုိစိစိ ျဖစ္ေနတဲ့ အေနအထားေတြမွာဆိုရင္ေတာ့ လံုး၀ မစားတာ ေကာင္းပါတယ္။

Source: Hindustan Times

ဒါေၾကာင့္ အစားအစာေတြ ျပဳတ္က်သြားရင္ ျပန္ယူမစားတာ အေကာင္းဆံုးျဖစ္ေၾကာင္း သုေတသနပညာရွင္ Schaffner က သတိေပးထားပါတယ္။

Ref: zeenews