ဒီကနေ့ခေတ်မှာ လူသားတွေဟာ မျှော်လင့်ချက် အိပ်မက်တွေအတွက် ရုန်းကန်နေရရင်း အလုပ်တွေ မအားလပ်တာကြောင့် ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့လာကြပါတယ်။

Make-Your-Own-Cereal1

ကျန်းမာရေးကိုဂရုစိုက်တယ်ဆိုရာမှာ နေ့စဉ် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာအပြင်၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာစားပေးဖို့သိပ်ကို အရေးကြီးပါတယ်။ အစားအစာတွေထဲကမှ တစ်နေ့တာလုံးအတွက် ပျော်ရွှင်တက်ကြွစွာနဲ့ အားအင်အပြည့်ရှိစေဖို့အတွက် မနက်စာစားသုံးဖို့လိုအပ်ပါတယ်။

မနက်စာဆိုတာ လူတစ်ယောက်အတွက် အရေးကြီးဆုံးအစားအစာဖြစ်ပါတယ်။ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အဟာရအားအင်တွေရရှိဖို့အတွက် မနက်စာမှာ အားပြည့်တဲ့အစားအစာကို စားပေးသင့်ပါတယ်။

မနက်စာမစားတာဟာ ကိုယ်အလေးချိန်တက်စေရုံသာမက အားအင်ချည့်နှဲ့ပြီး တစ်နေကုန်လည်း စိတ်ကြည်ကြည်ရှိမှာမဟုတ်ပါဘူး။ အကယ်၍များ ကိုယ်ဟာ မနက်တိုင်းမှာ ရုံးသွား ကျောင်းသွားဖို့ အလုပ်ရှုပ်နေတတ်ပြီး မနက်စာကို မစားဖြစ်တဲ့ သူမျိုးဖြစ်နေတယ်ဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ အဟာရပြည့်စေမယ့် မနက်စာမျိုးကို ရွေးချယ်စားသုံးဖို့ ပိုလို့တောင် လိုအပ်ပါသေးတယ်။

powerful with Bear-Brand

ဒါကြောင့် အဟာရလည်းပြည့် ပြင်ဆင်ရလည်းလွယ်ကူပြီး အိမ်တိုင်းမှာ ဆောင်ထားနိုင်တဲ့ မနက်စာအဖြစ် Nestle Bear Brand စီရီရယ်ကို ညွှန်းပေးချင်ပါတယ်။ Nestle “Bear Brand” Cereal ကို မနက်စာအဖြစ် စားပေးပြီး တစ်နေ့တာလုံး အားအင်အပြည့်နဲ့ ကျန်းမာပျော်ရွှင်စွာတဲ့ ဘ၀ကို အရယူလိုက်ပါ။

Nestle Bear Brand စီရီရယ်က  ကောက်နှံ (သို့) နှံစားသီးနှံ နဲ့ပြုလုပ်ထားတာဖြစ်ပြီး အခြား စီရီရယ်တွေမှာ ပါဝင်ခြင်းမရှိတဲ့ နို့ လည်းပါဝင်ပါတယ်။ ဗီတာမင် စီ ၊ ဒီ နဲ့ ကယ်လစီယမ်ဓာတ်တွေလည်း ကြွယ်ဝတဲ့အတွက် တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ အဟာရအားအင်တွေကိုရရှိစေမှာဖြစ်ပါတယ်။

ဒီ စီရီရယ်ကို Citymart နဲ့ အခြားစူပါမားကတ် တွေမှာ လွယ်လွယ်ကူကူနဲ့ ရနေပြီး အချိန်လည်း သိပ်ပေးစရာမလို၊ လိုအပ်တဲ့ အာဟာရတွေနဲ့လည်း ပြည့်ဝစေမှာလည်းဖြစ်ပါတယ်။ ဈေးနှုန်းလည်း သင့်တင့်ပြီး.. ဆာလောင်မှု မှန်သမျှကို ပြေပျောက်စေမယ့် Nestle Bear Brand စီရီရယ်ဟာ.. အလုပ်များကြတဲ့.. နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီနေ့ခေတ်က လူငယ် လူရွယ်တိုင်းအတွက် အကောင်းဆုံး အလွယ်ကူဆုံး မနက်စာ ဖြစ်လို့နေပါပြီ.