ဖရဲသီးတွေကို ရိုးရိုးတန်းတန်း လှီးဖြတ်ရတာက ရိုးလွန်းလှပါတယ်။ မွေးနေ့ပွဲတွေ ပါတီပွဲတွေရှိတဲ့အခါမှာလည်း အမြင်လှအောင် လှလှပပပြင်ဆင်သင့်တာကြောင့် ဖရဲသီးကို ရိုးရိုးစိပ်မယ့်အစား အသည်းပုံ ပုံဖော်ကာ လှီးဖြတ်လိုက်မယ်ဆိုရင် ပိုမိုအမြင်လှပသွားပါလိမ့်မယ်။

ဒါဆိုရင် ဖရဲသီးကို အသည်းပုံသဏ္ဍာန် ဘယ်လိုလွယ်လွယ်ကူကူ ပုံဖော်ကြမလဲဆိုတာကို MyFood Myanmar ရဲ့ စာဖတ်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်။

၁။ အရင်ဦးဆုံး ဖရဲသီးကို အလယ်တည့်တည့်ကနေ ထက်ဝက်ပိုင်းလိုက်ပါ။

၂။ ထို့နောက် ဖရဲသီးတစ်ဝက်ရဲ့ထိပ်စွန်းတစ်ဖက်ကို လှီးဖြတ်လိုက်ပါ။

၃။ ဖြတ်ထုတ်ပြီးသား အနားသားပေါ်သို့ အသည်းပုံသဏ္ဍာန် ဘူးတစ်ခုကို ဖရဲသီးပေါ်တင်ပါ။ ထိုဘူးလေး ရွေ့မသွားအောင်လို့ တုတ်ချောင်း ၂ ချောင်းဖြင့် ဟိုဘက်တစ်ချောင်း၊ ဒီဘက်တစ်ချောင်း ထိုးစိုက်ကာ ထိန်းထားလိုက်ပါ။

၄။ ထို့နောက် ဖရဲသီးကို မှောက်ခုံလှန်လိုက်ပါ။ ဒါဆိုရင် တုတ်ချောင်းနှစ်ချောင်းက ဖရဲသီးရဲ့အလေးချိန်ကို တစ်ဖက်ခြမ်းသို့ သူ့အလိုလို ဖောက်ထွက်လာပါလိမ့်မယ်။ ထိုအခါ တုတ်နှစ်ချောင်းကြား အသည်းပုံဘူးလေးတင်ကာ ဓားရာပေးလိုက်ပါ။

၅။ ထို့နောက် ပုံဖော်ထားသော အသည်းပုံဘေးကနေမှ အစိပ်သေးသေးလေး လှီးဖြတ်လိုက်ပါ။ (လက်ငြိမ်ရပါမယ်)

၆။ ထို့နောက် ဖရဲသီးစိပ်များကို အသည်းပုံဘေးပတ်ပတ်လည်တွင် အလှဆင်ထားလိုက်ပါ။

ဒါဆိုရင်တော့ အသည်းပုံသဏ္ဍာန် ဖော်ထားတဲ့ ဖရဲသီးလေး ရရှိသွားပါပြီ။

ပန်းပွင့်ပုံ၊ ကြယ်ပုံ စတဲ့ ပုံလှလှလေးတွေ ဖော်ချင်ပါကလည်း ထိုနည်းလမ်းလေးကို အသုံးပြုပေးလိုက်ရုံပါပဲ။

Source: Galainthekitchen.com