ကျန်းမာရေးနဲ့လည်း သင့်တော်ပြီး ကိုယ်အလေးချိန် ကျစေမယ့် အစားအစာမျိုးကို သင်ရှာဖွေနေပါသလား။
အခုပြောပြပေးမယ့် အစားအစာတွေက လွယ်ကူစွာချက်ပြုတ်လို့ရသလို ကယ်လိုရီ ၃၀၀ လောက်ဘဲပါဝင်ပေမယ့် ဗိုက် ခဏခဏလည်းပြန်ဆာမှာမဟုတ်ပါဘူး။
Black Bean Bowl
ပါဝင်ပစ္စည်းများ
ပြောင်းဖူး ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ ပုံ
ခရမ်းချဉ်သီး စားပွဲတင်ဇွန်း ၃ ဇွန်း
အနီရောင် ကြက်သွန်နီ ပါးပါးလှီးထားတဲ့ စားပွဲတင်ဇွန်း ၂ ဇွန်း
သံပုရာသီးကို အရည်ညှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
မြန်မာ နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း
တောက်တောက်စဉ်းထားတဲ့ ငရုတ်ပွသီးအစိမ်း လက်ဖက်ရည်ဇွန်း ၁ဇွန်းရဲ့ ၄ ပုံ ၁ပုံ
ဇီယာစေ့ နည်းနည်း
ဆားနည်းနည်း
အညိုရောင် ဆန် ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံ
ပဲစေ့နက် ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံ
ထောပတ်သီး ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံ
ချိစ် စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
ဒယ်အိုးထဲမှာ ချိစ်နည်းနည်းထည့်ပြီး ပြောင်းဖူးနည်းနည်းထည့်ပြီး လှော်လိုက်ပါ။ ပြီးရင် ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ။ သံပုရာ ဖျော်ရည်၊ ဇီယာ၊ ငရုတ်ပွသီးအစိမ်း ၊ နံနံပင် နဲ့ ဆားတို့ကို ထည့်ပြီး မွှေပါ။ ပြီးရင် ခွက်တစ်ခုထဲကိုထည့်ပြီး အညိုရောင် ဆန်၊ ပဲစေ့နက်တို့နဲ့ ခုနက အသီးအရွက်တွေကိုထည့်ပါ။ ပြီးရင် ထောပတ်သီးကို လှီးပြီး ထည့်ပါ။