ကြက်သွန်ဖြူဟာ ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဟင်းခတ်အမျှေးအကြိုင် တစ်မျိုးပါ။ အရသာ ကောင်းပြီး ကျန်းမာရေးအတွက်လည်း အသုံးဝင်စေတဲ့ အစားအစာဆိုတာ လူတိုင်းသိကြပါတယ်။ သွေးဖိအားကို ထိန်းပေးပြီး ကိုလက်စထရောကို ကျစေပါတယ်။ နှလုံးနဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေတဲ့ ကြက်သွန်ဖြူပါ။

တုပ်ကွေး၊ အအေးမိ၊ ချောင်းဆိုးတာနဲ့ ခေါင်းကိုက်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ကိုယ်ထဲက အဆိပ်ကို ထုတ်စေဖို့ ဂျင်း၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ ပေါင်းပြီး စားလို့ ရပါတယ်။

ကြက်သွန်ဖြူကို ဘယ်လို အသုံးပြုမလဲ

ကြက်သွန်ဖြူဟာ အစိမ်းစားတာ အကောင်းဆုံးပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် နည်းကတော့ ကြက်သွန်ဖြူကို ပျားရည်နဲ့ စိမ်ပြီး မနက်စောစော စားပေးခြင်းပါပဲ။

Garlic Honey Home Remedy

လိုအပ်တဲ့ပစ္စည်းများ

– ပျားရည်စစ်စစ် ဖန်ခွက်နဲ့ အပြည့်

– ကြက်သွန်ဖြူ ၃လုံး ၊ အခွံနွှာပြီး လှီးထားပါ၂၄မွှာလောက် ရှိရပါမယ်။

honey-and-garlic

ပြုလုပ်ပုံ

ပျားရည်နဲ့ ကြက်သွန်ဖြူတွေကို ရောပြီး jar တစ်ခွက်မှာ စိမ်ထားပါ။ ပါဝင်ပစ္စည်း၂ခု ကောင်းကောင်း ပေါင်းစပ်သွားဖို့ အနည်းဆုံး ၇ရက်ထားပါ။ ပြီးရင် စားလို့ ရပါပြီ။ ရေခဲသေတ္တာထဲ ထည့်ထားရင် နှစ်ရှည်ခံပါတယ်။

if-you-eat-garlic-and-honey-on-an-empthy-stomach-for-7-days-this-is-what-happens-to-your-body

အသုံးပြုပုံ

မနက်စောစော အိပ်ယာထထချင်းမှာ လက်ဖက်ရည်ဇွန်း တစ်ဝက်စာ စားပေးပါ။ တစ်နေ့မှာ ၆ကြိမ်စားပါ။ ၇ရက်ကြာတဲ့ အခါ ကိုယ်ခံအား သိသိသာသာ တက်စေပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်လာစေပါမယ်။