ဂျင်းကို နေ့တိုင်းနီးပါးစားရင် သင့်နှလုံးနဲ့ ဦးနှောက်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဂျင်းကို အစာခြေစနစ်နဲ့ နာကျင်တာတွေ ပျောက်ကင်းဖို့ သုံးစွဲကြပါတယ်။

ဒါကြောင့် ဂျင်းကို နေ့တိုင်းစားပြီး ၁လအကြာမှာ ခံစားရမယ့် အကျိုးကျေးဇူးများကို ဝေမျှချင်ပါတယ်။

ဂျင်းက အစာခြေစနစ်ကို ကူညီပေး

ဂျင်းမှာ Gingerols နဲ့ Shogaol ဓာတ်တို့ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အဲ့ဒီအပြင် အာဟာရဓာတ် စုပ်ယူမှုပိုကောင်းစေပြီး ရောင်ရမ်းတာတွေကို လျော့ချပေးပါတယ်။

ဝမ်းပိတ်တာ၊ အစာမကြေတာ၊ ဗိုက်ဝတာတွေကိုလည်း ကာကွယ်ပေးပါတယ်။

မူးဝေအော့အန်တာကို ကုသနိုင်

Home-Remedies-to-Get-Rid-of-Nausea

မူးေ၀ အော့အန်ရင် ဂျင်းကို စားလိုက်ရင် ပျောက်ကင်းနိုင်ပါတယ်။ ဂျင်း ၁ ဂရမ်ကို စားသုံးရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေတောင် မနက်ခင်းအန်တာကို သက်သာစေပါတယ်။

နာကျင်ကိုက်ခဲတာကို သက်သာ

1

ဂျင်းက ရောင်ကိုင်းတာ၊ နာကျင်ကိုက်ခဲတာတွေသက်သာစေပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်တာကြောင့် နာကျင်ကိုက်ခဲတာကိုလည်း ပျောက်ကင်းစေပါတယ်။

နှလုံးရောဂါ ဖြစ်ပွားနိုင်ချေနည်းပါး

landscape-1445720571-g-heart-disease-168832618

ဂျင်းမှာပါဝင်တဲ့ ဓာတ်တွေက သွေးကြောတွေထုံးတာ၊ သွေးလွန်တာတွေကို ကာကွယ်ပေးပါတယ်း။ သွေးတိုးတာတွေ၊ ဆေးလိပ်သောက်တာတွေကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျှော့ချပေးပါတယ်။

သွေးအတွင်း ကိုလက်စထရော ကိုကျဆင်းစေ

infosite-cholesterol-fb

ဂျင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး သွေးအတွင်း ကိုလက်စထရော ကိုလည်း ကျဆင်းစေပါတယ်။

တစ်နေ့ကို ဂျင်း ၃ ဂရမ်စားပေးပြီး ၄၅ ရက်အကြာမှာ သွေးအတွင်း ကိုလက်စထရောတွေ၊ Low Density Lipoprotein (LDL) တို့ကို ကျဆင်းစေပါတယ်။

ကင်ဆာကို ကာကွယ်နိုင်

2-cancer-cells

ဂျင်းမှာပါဝင်တဲ့ 6-Gingerol ကွန်ပေါင်းက ကင်ဆာကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ အဲ့ဒီ ကွန်ပေါင်းက အကြိတ်တွေကို မဖြစ်ပေါ်လာအောင် တားဆီးပေးပါတယ်။

အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ စတာတွေကို ကာကွယ်ပျောက်ကင်းနိုင်ပါတယ်။

ဦးနှောက်ကို ဖွံ့ဖြိုးစေ

brain

ဂျင်းက ဦးနှောက်မှာ ရောင်ရမ်းတာတွေကို ကာကွယ်ပေးပါတယ်။ တချို့သုတေသနတွေရဲ့ ရလဒ်အရ အယ်ဇိုင်းမားနဲ့ တခြား ဦးနှောက်ဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

Evidence Based Complementary Alternative Medicine ကပြုလုပ်ခဲ့တဲ့ သုတေသနအရ တစ်နေ့ကို ဂျင်း ၈၀၀ mg စားရင် ၂ လကြာတဲ့အခါမှာ အာရုံစိုက်မှုအား၊ ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေပိုကောင်းလာပြီး ဉာဏ်ပိုပြေးလာတယ်လို့ ဆိုပါတယ်။

ဂျင်းကို ဟင်းချက်တဲ့နေရာမှာ အသုတ်သုပ်တဲ့နေရာမှာလည်း ထည့်သွင်းစားသုံးနိုင်ပါတယ်။

ဂျင်း လက်ဖက်ရည်

Ginger Tea

ဂျင်းကို ပါးပါးလေး ၄ ခုကနေ ၆ ခု ကြားလှီးပြီး ရေနွေးပွက်ပွက်ဆူထည့်ထားတဲ့ ခွက်ထဲကိုထည့်ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြားထားပြီး ဂျင်းကို ဖယ်ကာ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ စားသုံးနိုင်ပါပြီ။