[Unicode]
ကြက်သွန်နီကတော့ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ မရှိမဖြစ်ပါပဲ။
အစားအစာချက်ပြုတ်ရာမှာ အဓိကအသုံးပြုလေ့ရှိပြီး စားသုံးကြတာမို့ ကြက်သွန်နီရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။
ကြက်သွန်နီကို ချက်ပြီးစားတာထက် အစိမ်းလိုက်စားပေးတာဟာ ပိုပြီး အကျိုးကျေးဇူးများပါတယ်။
ကြက်သွန်နီမှာပါတဲ့ အဟာရဓါတ်တွေကို အပြည့်အဝလည်းရရှိနိုင်ပါတယ်။ ( ကြက်သွန်နီအဖြူနဲ့ အနီ နှစ်မျိုးရှိတဲ့အထဲက ကြက်သွန်နီ အနီကို ရည်ညွှန်းပါတယ်။)
ကင်ဆာဆဲလ်ကြီးထွားမှုကိုကာကွယ်ပေးခြင်း
ကြက်သွန်နီဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။
ဆီးချိုထိန်းညှိပေးခြင်း
ကြက်သွန်နီကို အစိမ်းစားတာဟာ အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးတွင်း ဂလုကို့စ်ပါဝင်မှုကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဓါတ် ထုတ်လုပ်နိုင်မှုအားနည်းတာကြောင့် ဆီးချိုဖြစ်ရတာပါ။ ဒါ့ကြောင့် ကြက်သွန်နီကို အစိမ်းစားပေးပါ။
ဝမ်းချုပ်ခြင်း
ကြက်သွန်နီမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ဝမ်းချုပ်တာကို ပျောက်ကင်းစေပြီး ဝမ်းမှန်စေပါတယ်။
လည်ချောင်းနာခြင်း
ကြက်သွန်နီအရည်ကို နှစ်ပေါင်းများစွာကတည်းကလည်ချောင်းနာတာတွေနဲ့ အအေးမိတာတွေအတွက် ဆေးတစ်လက်အဖြစ် အသုံးပြုခဲ့ကြတာပါ။
နှာခေါင်းသွေးလျှံခြင်း
ကြက်သွန်နီရဲ့ အနံ့က နှာခေါင်းသွေးလျှံတာကို ရပ်တန့်စေပါတယ်။
နှလုံးရောဂါ
ကြက်သွန်နီဟာ သွေးတိုးကျစေတာတဲ့အပြင် နှလုံးဆိုင်ရာရောဂါတွေကို ကာကွယ်ပေးပါတယ်။
ကိုလက်စထရော
ကြက်သွန်နီအစိမ်းဟာ ကိုလက်စထရောပါဝင်မှုကိုထိန်းချုပ်ပေးပါတယ်။
[Zawgyi]
ၾကက္သြန္နီကေတာ့ ျမန္မာတို႔ရဲ႕ မီးဖိုေခ်ာင္တိုင္းမွာ မရွိမျဖစ္ပါပဲ။
အစားအစာခ်က္ျပဳတ္ရာမွာ အဓိကအသံုးျပဳေလ့ရွိၿပီး စားသံုးၾကတာမို႔ ၾကက္သြန္နီရဲ့ အက်ိဳးေက်းဇူးေတြကို မွ်ေ၀ေပးခ်င္ပါတယ္။
ၾကက္သြန္နီကို ခ်က္ၿပီးစားတာထက္ အစိမ္းလိုက္စားေပးတာဟာ ပိုၿပီး အက်ိဳးေက်းဇူးမ်ားပါတယ္။
ၾကက္သြန္နီမွာပါတဲ့ အဟာရဓါတ္ေတြကို အျပည့္အ၀လည္းရရွိႏိုင္ပါတယ္။ ( ၾကက္သြန္နီအျဖဴနဲ႔ အနီ ႏွစ္မ်ိဳးရွိတဲ့အထဲက ၾကက္သြန္နီ အနီကို ရည္ညႊန္းပါတယ္။)
ကင္ဆာဆဲလ္ႀကီးထြားမႈကိုကာကြယ္ေပးျခင္း
ၾကက္သြန္နီဟာ ကင္ဆာဆဲလ္ႀကီးထြားမႈကို ကာကြယ္ေပးႏိုင္တဲ့ ဂုဏ္သတၱိေတြပါ၀င္ပါတယ္။
ဆီးခ်ိဳထိန္းညွိေပးျခင္း
ၾကက္သြန္နီကို အစိမ္းစားတာဟာ အင္ဆူလင္ထုတ္လုပ္မႈကို လံႈ႕ေဆာ္ေပးႏိုင္တာေၾကာင့္ ဆီးခ်ိဳသမားေတြအတြက္ အထူးသင့္ေတာ္ပါတယ္။ ေသြးတြင္း ဂလုကို႔စ္ပါ၀င္မႈကို ထိန္းညွိေပးတဲ့ အင္ဆူလင္ဓါတ္ ထုတ္လုပ္ႏိုင္မႈအားနည္းတာေၾကာင့္ ဆီးခ်ိဳျဖစ္ရတာပါ။ ဒါ့ေၾကာင့္ ၾကက္သြန္နီကို အစိမ္းစားေပးပါ။
၀မ္းခ်ဳပ္ျခင္း
ၾကက္သြန္နီမွာ အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔ ၀မ္းခ်ဳပ္တာကို ေပ်ာက္ကင္းေစၿပီး ၀မ္းမွန္ေစပါတယ္။
လည္ေခ်ာင္းနာျခင္း
ၾကက္သြန္နီအရည္ကို ႏွစ္ေပါင္းမ်ားစြာကတည္းကလည္ေခ်ာင္းနာတာေတြနဲ႔ အေအးမိတာေတြအတြက္ ေဆးတစ္လက္အျဖစ္ အသံုးျပဳခဲ့ၾကတာပါ။
ႏွာေခါင္းေသြးလွ်ံျခင္း
ၾကက္သြန္နီရဲ့ အနံ႔က ႏွာေခါင္းေသြးလွ်ံတာကို ရပ္တန္႔ေစပါတယ္။
ႏွလံုးေရာဂါ
ၾကက္သြန္နီဟာ ေသြးတိုးက်ေစတာတဲ့အျပင္ ႏွလံုးဆိုင္ရာေရာဂါေတြကို ကာကြယ္ေပးပါတယ္။
ကိုလက္စထေရာ
ၾကက္သြန္နီအစိမ္းဟာ ကိုလက္စထေရာပါ၀င္မႈကိုထိန္းခ်ဳပ္ေပးပါတယ္။